စစ်ပဋိပက္ခနယ်မြေသို့ ခရီးမသွားရန် ဗြိတိန် နိုင်ငံခြားရေး သတိပေး

မြန်မာနိုင်ငံ စစ်ပဋိပက္ခနယ်မြေ မြင့်တက်နေသည့် တိုင်း နှင့် ပြည်နယ် (၈) ခုကို ခရီးမသွား ဗြိတိန် နိုင်ငံခြားရေး ၊ ဓနဿဟာရ နှင့် ဖွံ့ဖြိုးရေး ဌာန (FCDO) က ထုတ်ပြန်ပြောဆိုလိုက်သည်။

Photo – FCDO

မြန်မာနိုင်ငံ၏ လုံခြုံရေးသည် ကြိုတင်ခန့်မှန်းမှု မပြုလုပ်နိုင်သည့် အခြေအနေဖြစ်နေပြီး လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ မြေမြှုပ်မိုင်း နှင့် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ဗြိတိန်နိုင်ငံသားများအနေဖြင့် တိုင်း နှင့် ပြည်နယ် (၈) ခုကို လုံးဝမသွားရန် တားမြစ်လိုက်သည်။

ထိုတိုင်း နှင့် ပြည်နယ် (၈) ခုမှာ မွန်၊ ကချင်၊ ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ စစ်ကိုင်း၊ မကွေး နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တို့ ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်၊ မန္တလေး နှင့် တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ် အလယ်ပိုင်းတို့ ခရီးသွားလာမှု တားမြစ်သော်လည်း မဖြစ်မနေ သွားလာရန်ရှိပါက သွားလာနိုင်သည့် ဒေသများကြောင်း ဗြိတိန် အစိုးရ က သတ်မှတ်ထားသည်။

“နိုင်ငံခြားသားတွေအဖို့ မတရားဖမ်းဆီးချုပ်နှောင်ခံရနိုင်ခြေ အန္တရာယ်နည်းပေမယ့် သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဆိုရင်တော့ အဖမ်းခံရနိုင်ပြီး အထူးသဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်းတင်ဆင်မှု နဲ့ သတင်းမီဒီယာစာနယ်ဇင်းပုံစံအားလုံးကို အထူးစောင့်ကြည့်နေတဲ့အတွက် သတိပြုကြဖို့” ဗြိတိန် ၏ လမ်းညွှန်ချက်ထဲတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ မြို့ပြအများစုသည် ပုံမှန်နေ့စဥ်ဘဝ ပြန်လည် သွားလာလှုပ်ရှားမှုများတွေ့ရသော်လည်း အထူးသဖြင့် နိုင်ငံရေး တင်းမာမှုများ တိုးလာချိန်တွင် ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်လေ့ရှိကြောင်းလည်း ဗြိတိန်က အသိပေးထားသည်။

လက်ရှိ တိုက်ခိုက်မှုများသည် ရန်ကုန်မြို့ နှင့် နေပြည်တော်ပါမကျန် ဖြစ်ပွားနေပြီး အဓိကအားဖြင့် အစိုးရ အဆောက်အဦးများ၊ ရဲစခန်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လမ်းပေါ်ရှိ ယာဥ်ထိန်းရဲရုံး၊ စစ်ဆေးရေးဂိတ်၊ စစ်တပ်ပိုင်နေရာ နှင့် စစ်တပ်ပိုင်လုပ်ငန်းများကို ပစ်မှတ်ထားတွေ့ရှိရကြောင်း ဗြိတိန် အစိုးရက သတိပေးထားသည်။

နိုင်ငံခြားသားများ ပုံမှန်မကြာခဏ သွားရောက်လေ့ရှိသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာများလည်း တိုက်ခိုက်မှုများရှိနိုင်ကြောင်း ဗြိတိန်က အသိပေးလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...