ကျေးသီးမြို့နယ် လွိုင်ဟွန်းတောင်ကြော သျှမ်း(၂)တပ် နောက်ဆုတ်မည်မဟုတ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွန်းတောင်ကြောတစ်လျှောက် သျှမ်း(၂)တပ် စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး၊ (၂)တပ်လုံး နောက်ဆုတ်မည် မဟုတ်ကြောင်း သတင်းရရှိသည်။

ဇွန် (၁)ရက် မှ စတင်လာသည့် သျှမ်းတပ်(၂)တပ် ဖြစ်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ ( SSPP/SSA ) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့က စစ်အင်အားဖြည့်တင်းမှုရှိပြီး၊ သျှမ်းတပ် (၂)တပ်လုံး နောက်ဆုတ်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်တပ်အင်အား ဖြည့်တင်းမှုတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ စစ်အင်အား ၂၀၀၀ ဝန်းကျင်၊ စစ်ကား ၁၀၇ စီးနှင့် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် SSPP ဖက် စစ်ကူအနေဖြင့် အင်အားဖြည့် တင်း ထားကြောင်းသတင်းထွက်ပေါ်ခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် UWSA ဟုယူဆ ရသည့် စစ်သားများသည် SSPP/SSA ဝတ်စုံဖြင့် သျှမ်းဘာသာ စကားမပြောဘဲ “ဝ” ဘာသာစကားဖြင့် ပြောဆိုနေကြောင်း၊ ထို့ကြောင့် “ဝ” တပ်သားများ SSPP/SSAကို စစ်ကူပေးနေသည်ဟု ယူဆရကြောင်း စစ်ဘေးရှောင်ကူညီပေးသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပြီးခဲ့တဲ့ ၃ရက်က စစ်ဘေးရှောင် တွေ ရွာပြန်တော့ ရွာထဲမှာ စစ်သားတွေက SSPP ဝတ်စုံဝတ်ပြီး၊ သျှမ်းစကားမပြောဘူး၊ “ဝ” လိုပဲပြောကြတယ်၊ အဲ့ကြောင့် SSPP စစ်ကြောင်း ကို UWSA လာကူနေပြီလို့ ပြောကြတာပါ” ဟု စစ်ရှောင်ကူညီပေးသည့် သူတစ်ဦးက ဆိုသည်။

“ UWSA ” တပ်သည် SSPP ဘက်မှနေပြီး စစ်အင်အား ဖြည့်တင်းမှုနှင့် ပက်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စကို အတည် မပြုပေးနိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“SSPP တို့ဖက်က စစ်သားဖြည့်နေတယ်ဆိုတာတော့ကြားမိပါတယ်။ စစ်အင်အားဖြည့်ရင် ထောင်ဂဏန်းလောက်တော့ရှိနိုင်ပါတယ်၊ ဒါပေမယ့် UWSA ပါ၊ မပါ ကျနော်မသိဘူး၊ ဖြစ်နိုင်မဖြစ်နိုင်လည်း ကျနော် အတည်မပြုပေးနိုင်ပါဘူး” ဟု ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA အနေဖြင့် SSPP/SSAဘက်မှ စစ်ကူပေးခြင်းသတင်းမှာ “ ကောလာဟလ” ဖြစ်ကြောင်း၊ “UWSA” SSPP/SSAကို စစ်ကူမပေးကြောင်း လည်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ လားရှိုးမြို့တာဝန်ခံမှ ဦးညီရမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကောလဟာလတွေပါ၊ ‘ဝ’ လူမျိုးများ အခြားစစ်သာမှာ ရှိနေတာ မြင်ပြီး UWSA ဆိုပြီး ကောက်ချက် ချလို့ မရနိုင်ပါ၊ SSPPနဲ့ RCSS မှာ အစကတည်းက ‘ဝ’လူမျိုး စစ်သားများရှိနေကြပါတယ်။ သိရသလောက်တော့ ဆိုင်ရာတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ဘယ်လူမျိုးမဆို စစ်မှုထမ်းရမယ့် မူရှိနေတယ်” ဟု ဦးညီရမ်း က ဆိုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ သည် အခြေအနေများအရ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော်လည်း လက်ရှိလွယ်ဟွန်းတောင်ကြော တိုက်ပွဲတွင် (UWSA) ဘက်မှ စစ်အင်အားကူညီဖြည့်တင်းပေးမှုများလည်း မရှိကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“UWSA နဲ့ ကျနော်တို့ SSPP က အခြေအနေများအရ မဟာမိတ်ဖြစ်ထားပါတယ်၊ ဒါမယ့် ဒီလွယ်ဟွန်း တောင်ကြောတိုက်ပွဲမှာ ကျနောတို့ကိုစစ်ကူလာပေးတဲ့ UWSA စစ်သားမရှိပါဘူး” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ဟွန်းတောင်သည် SSPP ၏ ဌာနချုပ် ဝမ်းဟိုင် နှင့် ၂၀ ကီလိုမီတာသာ ဝေးသည့်နေရာဖြစ်သဖြင့် SSPP/SSA သည် ၎င်း၏ နေရာမှတ်ကာ RCSS/SSAကို လာရောက်တိုက်နေခြင်းဖြစ်သည် ဟု RCSS/SSA မှ ဗိုလ်မှူး ခမ်းစံက ပြောပြသည်။

SSPP/SSAကလည်း ထိုလွိုင်ဟွန်းတောင်သည် ယခင်ကတည်းက SSPP/SSA၏ နေရာဖြစ်ကြောင်း၊ RCSS/SSA ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြန်လည် ခုခံရခြင်းဖြစ်ကြောင်းလည်း SSPP/SSA မှ ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။

ထို အပြန်အလှန် မြေအငြင်းပွားမှုကြောင့် သျှမ်းတပ် (၂)တပ် သည် တစ်လကြာ တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး၊ (၂)တပ်လည်း နောက်မဆုတ်ဘဲ ဆက်လက် တိုက်ခိုက်မည်လည်း သျှမ်းသံတော်ဆင့် ကိုပြောသည်။

တလကြာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တထောင်နီးပါး ယနေ့ချိန်ထိ နေထိုင်စားသောက်မှု ခက်ခဲစွာ စစ်ရှောင်နေပြီး ၊ စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြကာ သျှမ်းတပ်(၂)တပ် တိုက်ပွဲရပ်တန့်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...