Wednesday, January 28, 2026

ကျေးသီးမြို့နယ် လွိုင်ဟွန်းတောင်ကြော သျှမ်း(၂)တပ် နောက်ဆုတ်မည်မဟုတ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွန်းတောင်ကြောတစ်လျှောက် သျှမ်း(၂)တပ် စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး၊ (၂)တပ်လုံး နောက်ဆုတ်မည် မဟုတ်ကြောင်း သတင်းရရှိသည်။

ဇွန် (၁)ရက် မှ စတင်လာသည့် သျှမ်းတပ်(၂)တပ် ဖြစ်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ ( SSPP/SSA ) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့က စစ်အင်အားဖြည့်တင်းမှုရှိပြီး၊ သျှမ်းတပ် (၂)တပ်လုံး နောက်ဆုတ်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်တပ်အင်အား ဖြည့်တင်းမှုတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ စစ်အင်အား ၂၀၀၀ ဝန်းကျင်၊ စစ်ကား ၁၀၇ စီးနှင့် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် SSPP ဖက် စစ်ကူအနေဖြင့် အင်အားဖြည့် တင်း ထားကြောင်းသတင်းထွက်ပေါ်ခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် UWSA ဟုယူဆ ရသည့် စစ်သားများသည် SSPP/SSA ဝတ်စုံဖြင့် သျှမ်းဘာသာ စကားမပြောဘဲ “ဝ” ဘာသာစကားဖြင့် ပြောဆိုနေကြောင်း၊ ထို့ကြောင့် “ဝ” တပ်သားများ SSPP/SSAကို စစ်ကူပေးနေသည်ဟု ယူဆရကြောင်း စစ်ဘေးရှောင်ကူညီပေးသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပြီးခဲ့တဲ့ ၃ရက်က စစ်ဘေးရှောင် တွေ ရွာပြန်တော့ ရွာထဲမှာ စစ်သားတွေက SSPP ဝတ်စုံဝတ်ပြီး၊ သျှမ်းစကားမပြောဘူး၊ “ဝ” လိုပဲပြောကြတယ်၊ အဲ့ကြောင့် SSPP စစ်ကြောင်း ကို UWSA လာကူနေပြီလို့ ပြောကြတာပါ” ဟု စစ်ရှောင်ကူညီပေးသည့် သူတစ်ဦးက ဆိုသည်။

“ UWSA ” တပ်သည် SSPP ဘက်မှနေပြီး စစ်အင်အား ဖြည့်တင်းမှုနှင့် ပက်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စကို အတည် မပြုပေးနိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“SSPP တို့ဖက်က စစ်သားဖြည့်နေတယ်ဆိုတာတော့ကြားမိပါတယ်။ စစ်အင်အားဖြည့်ရင် ထောင်ဂဏန်းလောက်တော့ရှိနိုင်ပါတယ်၊ ဒါပေမယ့် UWSA ပါ၊ မပါ ကျနော်မသိဘူး၊ ဖြစ်နိုင်မဖြစ်နိုင်လည်း ကျနော် အတည်မပြုပေးနိုင်ပါဘူး” ဟု ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA အနေဖြင့် SSPP/SSAဘက်မှ စစ်ကူပေးခြင်းသတင်းမှာ “ ကောလာဟလ” ဖြစ်ကြောင်း၊ “UWSA” SSPP/SSAကို စစ်ကူမပေးကြောင်း လည်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ လားရှိုးမြို့တာဝန်ခံမှ ဦးညီရမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကောလဟာလတွေပါ၊ ‘ဝ’ လူမျိုးများ အခြားစစ်သာမှာ ရှိနေတာ မြင်ပြီး UWSA ဆိုပြီး ကောက်ချက် ချလို့ မရနိုင်ပါ၊ SSPPနဲ့ RCSS မှာ အစကတည်းက ‘ဝ’လူမျိုး စစ်သားများရှိနေကြပါတယ်။ သိရသလောက်တော့ ဆိုင်ရာတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ဘယ်လူမျိုးမဆို စစ်မှုထမ်းရမယ့် မူရှိနေတယ်” ဟု ဦးညီရမ်း က ဆိုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ သည် အခြေအနေများအရ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော်လည်း လက်ရှိလွယ်ဟွန်းတောင်ကြော တိုက်ပွဲတွင် (UWSA) ဘက်မှ စစ်အင်အားကူညီဖြည့်တင်းပေးမှုများလည်း မရှိကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“UWSA နဲ့ ကျနော်တို့ SSPP က အခြေအနေများအရ မဟာမိတ်ဖြစ်ထားပါတယ်၊ ဒါမယ့် ဒီလွယ်ဟွန်း တောင်ကြောတိုက်ပွဲမှာ ကျနောတို့ကိုစစ်ကူလာပေးတဲ့ UWSA စစ်သားမရှိပါဘူး” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ဟွန်းတောင်သည် SSPP ၏ ဌာနချုပ် ဝမ်းဟိုင် နှင့် ၂၀ ကီလိုမီတာသာ ဝေးသည့်နေရာဖြစ်သဖြင့် SSPP/SSA သည် ၎င်း၏ နေရာမှတ်ကာ RCSS/SSAကို လာရောက်တိုက်နေခြင်းဖြစ်သည် ဟု RCSS/SSA မှ ဗိုလ်မှူး ခမ်းစံက ပြောပြသည်။

SSPP/SSAကလည်း ထိုလွိုင်ဟွန်းတောင်သည် ယခင်ကတည်းက SSPP/SSA၏ နေရာဖြစ်ကြောင်း၊ RCSS/SSA ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြန်လည် ခုခံရခြင်းဖြစ်ကြောင်းလည်း SSPP/SSA မှ ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။

ထို အပြန်အလှန် မြေအငြင်းပွားမှုကြောင့် သျှမ်းတပ် (၂)တပ် သည် တစ်လကြာ တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး၊ (၂)တပ်လည်း နောက်မဆုတ်ဘဲ ဆက်လက် တိုက်ခိုက်မည်လည်း သျှမ်းသံတော်ဆင့် ကိုပြောသည်။

တလကြာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တထောင်နီးပါး ယနေ့ချိန်ထိ နေထိုင်စားသောက်မှု ခက်ခဲစွာ စစ်ရှောင်နေပြီး ၊ စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြကာ သျှမ်းတပ်(၂)တပ် တိုက်ပွဲရပ်တန့်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

0
သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...