သျှမ်း/အရှေ့ မင်္ဂလာစည်တော်ပါတီ ရွေးကောက်ပွဲမ၀င်

သျှမ်းပြည်အရှေ့ပိုင်းက သျှမ်းပါတီ  တခုဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP (မင်္ဂလာစည်တော်ပါတီ )သည် ယခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကျိုင်းတုံ မြို့တွင် သျှမ်းပါတီကြီး ၃ ခုဖြစ်သော မင်္ဂလာစည်တော်ပါတီ ESSDDP ကျားဖြူပါတီ SNDP  ကျားခေါင်းပါတီ SNLD တို့ ယှဉ်ပြိုင်ခဲ့ကြသော်လည်း ၄င်းတို့ ၃ ပါတီမှ ရသည့်မဲအရေအတွက်သည် ကြံ့ခိုင်ရေးပါတီ၏ မဲအရေအတွက်လောက်မရရှိခဲ့ဘဲ လွှတ်တော် ကိုယ်စားလှယ် ၄ နေရာစလုံး ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ အနိုင်ရခဲ့သည်။

အလားတူ တာချီလိတ်မြို့နှင့်မိုင်းဆတ်မြို့တို့တွင်လည်း သျှမ်းပါတီ တနေရာမျှမရရှိခဲ့ပေ။

ယခုရွေးကောက်ပွဲတွင်မူ ESSDDP မှ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ကြေငြာခဲ့သဖြင့် ကျိုင်းတုံတွင် သျှမ်းပါတီအနိုင်မရမည်ကို ဒေသခံလူငယ်များက စိုးရိမ်ကြောင့်ကြနေကြသည်။

ESSDDP ဉက္ကဌ လုံးစိုင်းဟောင်ခမ်းက – “ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲ ကျနော်တို့ ESSDDP က ၀င်မပြိုင်တော့ဘူးခင်ဗျ။ မေလကတည်းက ပါတီရုပ်သိမ်းလိုက်ပါပြီ။ ကျနော်တို့မှာ လူအင်အားအခက်အခဲရှိတယ်။ ရံပုံငွေအင်အားလည်း မရှိဘူး။ ကျနော်ကိုယ်တိုင်ကလည်း သိပ်နေမကောင်းချင်ဘူး။ ကြိုတင်ပြင်ဆင်မှုလည်း မရှိထားတော့လေ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ကျိုင်းတုံမြို့တွင် ယခုရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီသည် ငွေအင်အားတောင့်တင်းကာ ကြိုတင်ပြင်ဆင်မှုအားကောင်းနေကြောင်း ဒေသခံလူငယ်များကပြောဆိုသည်။

ကျိုင်းတုံမြို့နယ် TYO သျှမ်းလူငယ်အဖွဲ့၀င် စိုင်းနွမ်ကောန်းက – “ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ သျှမ်းလူထုတွေကနေ သျှမ်းပါတီကို တစုတစည်းတည်း မဲပေးမယ်ဆိုရင်တော့ သျှမ်းပါတီအနိုင်ရမှာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကျနော်တို့သျှမ်းဒေသခံက သျှမ်းပါတီကိုမဲမပေးလို့ သျှမ်းပါတီအနိုင် မရတာပါ။ တကယ်တော့ ကျိုင်းတုံမှာက သျှမ်းလူဉီးရေကအများဆုံးပါ ”- ဟုသျှမ်းသံတော်ဆင့် အားပြောသည်။

ကျိုင်းတုံမြို့တွင်   သျှမ်းပါတီ ၂  သည် အင်အားကြီး  ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့အပြင် တခြားတိုင်းရင်းသားပါတီများလည်း  ယှဉ်ပြိုင်မည်ဟုသိရသည်။   

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံ  ၊ တာချီလိတ် နှင့် မိုင်းဆတ်ခရိုင် အတွင်း  ၉ မြို့နယ်ရှိပြီး၂၀၁၀ ရွေးကောက်ပွဲကသျှမ်းပါတီမှ နေရာတချို့အနိုင်ရရှိခဲ့သော်လည်း  ၂၀၁၅ ရွေးကောက်ပွဲတွင်မူ သျှမ်းပါတီ တနေရာမျှ အနိုင်မရရှိခဲ့ပေ။

ကျိုင်းတုံမြို့က ရပ်မိရပ်ဖနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတို့စုပေါင်းကာ သျှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP (မင်္ဂလာစည်တော်ပါတီ )ကို ၂၀၁၅ ခုနှစ်က တည်ထောင်ကာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် တနေရာမျှအနိုင်မရရှိခဲ့ကြပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...