အပျော်စီးရထား
ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်
Eugene -
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။ “ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊...





