ပလောင်စကား
ကျောက်မဲမြို့စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ် ဗီဒီယိုဖိုင်အမှား
ချင်းပြည်နယ်မှ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင် ၃ ဦးကို ပလောင်စကားမတတ်ဟုဆိုကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်သတ်ခဲ့တယ်လို့ သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ် Ka Ka Han အကောင့်ကနေ ဖြန့်ချိခဲ့ပြီး“ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ...





