စပါးမျိုးစေ့ပျောက်
ပုံးအင်းတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်သွားပြီး မျိုးစေ့အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် )ဩဂုတ်လအတွင်း ပုံးအင်းဒေသတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရွာပေါင်း(၂၅) ရွာပျက်စီးကာ စပါးဧက (၂သောင်း)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်ထိ ပုံးအင်းဒေသတွင် မြေနုံးများကို မဆည်ယူနိုင်သေးသဖြင့် လယ်ဧက...





