ကုန်စျေးနှုနန်း
အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...





