Tuesday, May 7, 2024

နမ့်ဟူး

လယ်မြေဧကတသောင်းကျော်အားရေပေးဝေသည့်နမ့်ဟူးရေထွက်ကို သဘာဝစိမ့်စမ်း ရေထွက်ဧရိယာဖြစ်စေရေး လယ်သမားများ ကွင်းဆင်းတိုင်းတာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် နမ့်ဟူး သဘာဝရေထွက် အား သဘာဝ စိမ့်စမ်းရေထွက်ဧရိယာ အဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံလယ်သမားများ ကွင်းဆင်းတိုင်းတာမှုပြုနေကြောင်းသိရသည်။ မြို့နယ်ထွေအုပ်၏ မိုးနဲမြို့နယ်အတွင်း အင်း ၃ အင်းနှင့်မောင်ခိုင် မောင်နိုင်ရေထွက်ဧရိယာနယ်နိမိတ် ပြန် လည် စီစစ်တိုင်းတာသတ်မှတ်ရေးလုပ်ငန်းစီမံချက် ကျလာပြီးနောက် နမ့်ဟူးသဘာဝရေထွက်ဧရိယာအား ဒေသခံတောင်သူလယ်သမားများက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့က...

မိုးနဲမြို့ဒေသခံများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နမ့်ဟူး ရေထွက်ဦးအား သန့်ရှင်းရေး စုပေါင်းပြုလုပ်

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ကဆုန်လပြည့်နေ့ လွယ်စက်တော် ဘုရားပွဲအတွက်ပြင်ဆင်ရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် ကုသိုလ်ပြုသည့်အနေဖြင့် ဒေသခံတောင်သူလယ်သမားများက နမ့်ဟူး ရေထွက်ကန်အား ရှင်းလင်းမှုပြုလုပ်ကြကြောင်းသိရသည်။ ဧပြီလ ၂၅ ရက်နေ့ကတည်းကစပြီး ဒေသခံတောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများ၊ လူငယ်များစုပေါင်းအင်အားဖြင့် မိုးနဲမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ နားခံအုပ်စုအတွင်း ၀မ့်ယေးရွာနှင့် ပန်အူရွာအကြား...

Latest news