နင်းမိ
နမ့်ခမ်းလယ်သမားတဦး မိုင်းနင်းမိဒဏ်ရာအပြင်းအထန်ရရှိ
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာဒေသခံတဦး လယ်ထဲတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာနေ တားအိုက်ယိုင် ခေါ် ကွန်းအိုက်အောင် ဆိုသူသည် ၄င်း၏လယ်အတွင်း လုပ်ငန်းခွင်ဝင်နေစဉ် ပေါက်ပြားဖြင့်ပေါက်မိသဖြင့် မိုင်းကွဲကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နမ့်ခမ်းမြို့ခံ စိုင်းအိုက်နော်...





