တောင်ပိုင်းစစ်ရေး
“လမ်းများအားလုံး…နေပြည်တော်သို့” သို့မဟုတ်တောင်ပိုင်းစစ်ဒေသကို လေ့လာခြင်း
SHAN -
နိဒါန်း ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို စုစည်းကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက “တောင်ပိုင်းစစ်ဒေသ” အဖြစ် စုဖွဲ့ထားပါသည်။ ယင်းတောင်ပိုင်းစစ်ဒေသကို တောင်ပိုင်းနှင့် အလယ်ပိုင်းမှ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၂) ခုဖြစ်သော...





