မြေသိမ်း

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...

တပ်သိမ်းမြေ ၈၀၀ ဧက ပြန်ရရန် ပြည်သူများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်း နှင့် အနီးပတ်ဝန်းကျင်မှ တပ်သိမ်းမြေ (၈၀၀) ဧကတွင် ပြန်လုပ်ကိုင်စားသောက်ရန်အတွက် ပြည်သူများက တောင်းဆိုနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ တပ်ပိုင်မြေအဖြစ် သိမ်းယူလိုက်သည့် ဆုံကွယ်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာမှ...

လားရှိုး-တန့်ယန်းအသွားလမ်း အိမ်ခြံမြေ ၁၀ လုံးကို ခလရ ၄၁ ဖြိုဖျက်သိမ်းယူ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ လားရှိုး-တန့်ယန်းလမ်းခွဲရှိ ကျေးလက်အိမ်ခြံ ၁၀ အိမ်အား တပ်ပိုင်မြေအဖြစ် လားရှိုးအခြေစိုက် ခလရ ၄၁ မှ သိမ်းယူလိုက်ကြောင်း ကြားသိရသည်။ ၂၀၂၁ ခု သြဂုတ်လ ၁၀ ရက် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က တစ်နာရီအတွင်း အိမ်ခြံအတွင်းရှိ ပစ္စည်းများ...

တပ်မှသိမ်းသွားသည့်လူထု၏မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့လွှဲပေးသည့်အပေါ် ကျေးသီးဒေသခံများကန့်ကွက်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်တိုးချဲ့မြေအဖြစ် စစ်တပ်မှ သိမ်းဆည်းထားသော မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့ အစိုးရမှ လွှဲပြောင်းပေးရာတွင် မြေလွှဲလျှောက်ထားချက်အပေါ် သတ်မှတ်ရက် ၁၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းရန် ကျေးသီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြေငြာချက်တစောင် ထုတ်ပြန်သည့်အပေါ် ဒေသခံများက ကန့်ကွက်နေသည်။ ၄င်းနှင့်ပတ်သက်ပြီး မြေသိမ်းခံရသော...

Latest news