တာလုံရွာ

သီပေါ စစ်ရှောင်ရွာသားတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီးယနေ့ဖြစ်ပွါးသောတိုက်ပွဲကြောင့်  စစ်ဘေးရှောင်ရွာသားတဦး ကျည်စထိမှန်ဒဏ်ရာအပြင်းအထန်ရရှိသဖြင့်သီပေါဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုနေရကြောင်းသိရသည်။ ဇန်နဝါရီလ ၂၂ ရင် ယနေ့မွန်းလွဲပိုင်းက နားမခေါ်အုပ်စု တာ့လုံရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ ရွာသားများနည်းတူ ရွာသားစိုင်ကမ် (အသက် ၂၂ နှစ်) စစ်ဘေးရှောင်နေစဉ် လမ်းတွင်လက်နက်ကြီးကျည်ကျသဖြင့် ကျည်စထိမှန်ကာဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်အမျိုးသား စိုင်းစိုင်း က- “ပစ်ခတ်သံစစကြားတုန်းက သူထွက်မပြေးရဲဘူး။...

ဒုဌဝတီမြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်းအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်နှင့်ပြည်သူလူထု စုပေါင်းတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ဒုဝတီမြစ် ခေါ် နမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းများအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်များ နှင့်ဒေသခံပြည်သူများက စုပေါင်းတောင်းဆိုနေကြသည်။ သီပေါမြို့နယ်အတွင်းရှိ တာလုံရွာတွင်တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား မကန့်ကွက်နိုင်ပါက ဒုဌဝတီမြစ် ပေါ်တွင် ဆက်တိုက်တည်ဆောက်သွားမည့်ဆည်များကိုဆန့်ကျင်နိုင်မည့်အလားအလာမရှိကြောင်း ကျားခေါင်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။ “တကယ်လို့ဒီဆည်ကြီးကိုအောင်မြင်စွာမကန့်ကွက်နိုင်ခဲ့ရင် ဆည်ဆောက်မယ့်ကုမ္မဏီက ဆက်ပြီးဆောက်သွား မယ်လေ။ ဒီတခုဆောက်ပြီးရင် ဒီဒုဌဝတီမြစ်ပေါ်မှာ ထပ်ဆောက်ဖို့ပြင်ထားတာက ၂...

Latest news