သျှမ်းပုဂံဟုတင်စားခံရသည့် မိုးနဲမြို့အား ခရီးသွားမြို့အဖြစ်သတ်မှတ်ပေးရန် လွှတ်တော်အမတ်တောင်းဆို

0

သျှမ်းပုဂံလို့တင်စားခေါ်ဝေါ်သည့် သျှမ်ပြည်တောင်ပိုင်း မိုးနဲမြို့ တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသည့်နယ်မြေ၊ ခရီးသွားနယ်မြေအဖြစ်သတ်မှတ်နိုင်ရေးအတွက် မိုးနဲမြို့ပြည်နယ်လွှတ်တော်အမှတ် ၁ ကိုယ်စားလှယ် စိုင်းမွန်းလိန်မှ ကြိုးပမ်းနေသည်ဟု သျှမ်းသံတော်ဆင့်သို့ ယနေ့ ၂၄/၉/၂၀၁၈ တွင် ပြောကြားသည်။

Photo By Saimone Lurn / မိုးနဲမြို့ရှိ လွယ်စန့်ကျောင်းတိုက်နှင့်စေတီတော်

မိုးနဲမြို့အားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသည့်နယ်မြေ၊ ခရီးသွားနယ်မြေအဖြစ် သတ်မှတ် နိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် သျှမ်းပြည်နယ် တောင်ကြီးမြို့သို့ ပထဦးဆုံးရောက်ရှိခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ ကတည်းက လည်းကောင်း၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း စာဖြင့်တင်ပြခဲ့သည်ဟု မိုးနယ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းမွန်းလိန်ကပြောသည်။

Photo By Mongnai/ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မိုးနဲစော်ဘွားကြီး၏ မီးပူဇော်သည့် မာလိန်တိုင်(မန်လည်တိုင်) မယိုင်လဲအောင် ဒေသခံများက ပြန်လည်တည့်မတ်ထားစဉ်

“ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးကလည်း ကွင်းဆင်းသွားတယ်။ ဒီမိုးနဲမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေက ၂ ရက် ၃ ရက်လည်ပတ်မှ စုံနိုင်မယ်ဆိုတော့ ဟိုတယ်တွေဘာတွေလိုအပ်ရင်သူတို့ဘက်ကလည်း ကူညီနိုင် အောင် ပေါ့နော်။ လုံခြုံရေးအတွက် မိုးနဲမှာရှိတဲ့ တပ်တွေအကြောင်း မေးတယ်။ သျှမ်းပုဂံလို့တောင်တင်စား ခေါ်ဝေါ်ကြ တယ်လေ။ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအနေနဲ့ကြည့်ရင် အနာဂတ်မှာ တိုရစ်ဇင်နေရာတခု ဖြစ်လာ နိုင်တယ်။ ဒါကိုကျနော်တို့ အကောင်အထည်ဖော်ချင်တာဖြစ်ပါတယ် ” – ဟု စိုင်းမွမ်းလိန် ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းပါ၀င်သည့်မိုးနဲမြို့သည် စော်ဘွားခေတ်အဆက်ဆက်က တည်ထားသော စေတီတော်များ ပုထိုးတော်များ အပြင် သျှမ်းစော်ဘွားများဟော်နန်း၊ မြို့ရိုး၊ မြို့ဝင်တံခါးမုတ်ဦး၊ ရေကန်တော်၊ စော်ဘွားများ၏ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မီးပူဇော်သည့် မာလိန်တိုင် (မန်လည်တိုင်) စသဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းသည့်နယ်မြေအစစ်အမှန်ဖြစ်ကြောင်း မိုးနဲမြို့ခံရပ်မိရပ်ဖများက ပြောသည်။

လက်ရှိတွင်မိုးနဲ စော်ဘွား၏ဟော်နန်းကို အစိုးရရုံးအဖြစ် ထားရှိအသုံးပြုလိုက်ပြီး မြို့တောင်ဘက်ခြမ်းရှိ စော်ဘွားများအုဋ်ဂူများတွင်လည်း တခြားဒေသမှလာသော အရပ်သားများလာရောက်တဲထိုးနေထိုင်ကြကြောင်း သိရသည်။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here