Saturday, December 3, 2022

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံးဘုံသဘောတူညီချက်ရှာပြီးလက်တွဲမယ်

Must read

လက်ရှိသွားနေတဲ့ငြိမ်းချမ်းရေးကို အားလုံးပါ၀င်လာဖို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာ ချုပ်လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ NCA.S- EAO က ဆုံးဖြတ်ချထားပါတယ်။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာ အပစ်မရပ်သေးတဲ့ UNFC အုပ်စု မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အုပ်စုတွေရှိနေပါတယ်။

Photo By SHAN/ စက်တင်ဘာလ ၁၁ ရက်နေ့ NCA.S-EAO ထိပ်သီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့ ရှိတဲ့နေရာမှာ ၁၀ ဖွဲ့က အပစ်ရပ်ထားပေမယ့် ကျန် ၁၁ ဖွဲ့ က အပစ် NCA လက်မှတ်ရေးထိုးထားတာမရှိသေးပါဘူး။

သူတို့တွေပါ၀င်လာနိုင်အောင် အပစ်ရပ်တပ်ဖွဲ့တွေရဲ့ NCA.S- EAO ရဲ့ ထိပ်သီးညီလာခံ ၃ တတိယအကြိမ်မှာ ချမှတ်ထားတာတွေရှိတယ်လို့ ပြောရေးဆိုခွင့်ဖြစ်တဲ့ ကေအဲန်ယူ ခေါင်းဆောင်ပိုင်း ဖြစ်သူ ပဒိုစောကွယ်ထူးဝင်း ကပြောပါတယ်။

“ကျနော်တို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ထဲမှာ လက်မှတ်မရေးထိုးထားသေးတဲ့ အဖွဲ့တွေလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါလာနိုင်ဖို့အတွက် ကျနော်တို ့ဘယ်လို ဆောင်ရွက်သွား မလဲဆိုတဲ့ လမ်းစဉ်ကို ချမှတ်ထားပါတယ်။ ဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အခြေခံပြီး လုပ်ရမှာဖြစ်တဲ့ အတွက် သူတို့နဲ့လည်း ဆက်သွယ်ပူး ပေါင်းပြီး ဆောင်ရွက်သွားဖို့အတွက် ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ”

“အပစ်မရပ်သေးတဲ့ UNFC ကိုသော်လည်းကောင်း တိုက်ပွဲဝင်နေတဲ့ FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကိုသော်လည်းကောင်း သွားရောက်တွေ့ဆုံဖို့ ကေအဲန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ကိုယ်တိုင် ဦးဆောင်ဖို့ စက်တက်ဘာ ၈-၁၁ ရက်နေ့အထိ ချင်းမိုင်မြို့ မှာ ကျင်းပတဲ့ NCA.S- EAO က ဆုံးဖြတ်ထားပါတယ်။
အမြန်ဆုံးလက်တွေ့အကောင်အထည်ဖေါ်နိုင်အောင် မိုင်ဂျာယန်ညီလာခံတို့လို တိုင်းရင်း သားလက်နက်ကို င်တပ်ဖွဲ့အားလုံးပါ၀င်တဲ့ ညီလာခံ ကြီးအမြန်ဆုံးခေါ်ယူ ဖို့ လဲ ရှိတယ် ” လို့ NCA.S- EAO ရဲ့ပြောရေးဆိုခွင့် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံးက ပြောပါတယ်။

“ကျနော်တို့ဒီကနေ့ အဲန်စီအေ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့တွေကြားထဲမှာ ကျနော်တို့ ဘုံသဘောထားရပ်တည်ချက်တွေ ညှိနှိုင်းလို့ရအောင် ဘုံလုပ်ငန်းစဉ်တွေ ချမှတ်လို့ရအောင် ညီလာခံကြီးတရပ်ကို အမြန်ဆုံးခေါ်ယူဖို့ ဖြစ်တယ်။ ဒါတွေဟာ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချောမွေ့စေရေး၊ ရလဒ်ကောင်းရစေရေးအတွက် ကျနော်တို့ ဒီအစည်းအဝေးကြီးကနေ ပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ ”

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က NCA လမ်းကြောင်းဟာ အလုပ်မဖြစ်တဲ့အတွက် တခြားနည်းလမ်းနဲ့ သွားလိုတယ်လို့ ဆိုပေမယ့် နိုင်ငံရေးရည်မှန်းချက်၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်တောင်စု တည်ဆောက်လိုတဲ့ ရည်မှန်းချက်တွေ အတူတူဘဲဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article