Tuesday, January 27, 2026

တောင်ကြီးမြို့တွင်ပြုလုပ်မည့် သျှမ်း CSSU အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် ခွင့်မပြု

စက်တင်ဘာ ၃ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပရန်ပြင်ဆင်ထားသည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးအား ကျင်းပခွင့်မပေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ဉက္ကဌ အဖြစ် တာဝန်ယူ နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးက CSSU အလှည့်ကျ ဉက္ကဌ ဦးစိုင်းအိုက်ပေါင်း ထံ ယနေ့ မွန်းလွဲပိုင်းက ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလိုက်သည် ဟု သိရှိရသည်။

CSSU အလှည့်ကျ ဉက္ကဌ ဦးစိုင်းအိုက်ပေါင်း

၂၀၁၈ ခု ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ပိုင်းက သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေး အား ကျင်းပခွင့်မပေးကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးမှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသည့်နောက် အစည်းအဝေးမကျင်းပတော့သည့်အကြောင်း သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU တာဝန်ကျ အတွင်းရေးမှူးကြီး စိုင်းဘိုးအောင်က CSSU အဖွဲ့ဝင်များထံ စာဖြင့် အကြောင်းထားပြီး ဖြစ်သည်ဟု လည်းသိရသည်။

“ချင်းမိုင်မှာ ကျင်းပဖို့လုပ်တုန်းကကော၊ ရန်ကုန်မှာ ကျင်းပတုန်းကကော အစိုးရ မှ လိုက်တားဆီး တာတွေ လုပ်ခဲ့ဖူးတယ်။ ဒီတခေါက် ဒီလိုမဖြစ်ရအောင် ကျနော် တာဝန်ကျ ဉက္ကဌ အနေနဲ့ တပ်ချုပ်ဆီ ကိုကော၊ NRPC ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံကိုကော တရားဝင် စာရေးခဲ့တယ်။ တပတ်လောက် ရှိပြီ။ အစည်းအဝေး ကျင်းပဖို့ အကုန်ပြင် ဆင်ထားပြီးပြီ ၊ ဒီနေ့မှဘဲပေးမလုပ်ဘူးတဲ့။ ဘာ့ကြောင့်လဲ ဆိုတာတော့ မပြောဘူး။ ပေးမလုပ်တဲ့အကြောင်း စာပို့ထားတယ်ဘဲပြောတယ်။ စာရောက်မှ ဘဲ ကျနော် အသေးစိတ် ပြောနိုင်မယ်” – ဟု CSSU အလှည့်ကျ ဉက္ကဌ ဦးစိုင်းအိုက်ပေါင်း က သျှမ်းသံတော် ဆင့်သို့ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအား သုံးသပ်ဆွေးနွေးရန်၊ ကျားဖြူပါတီ မှ အလှည့်ကျ ဉက္ကဌ တာဝန်ယူလာသည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU က ၂၀၁၈ ခု နှစ်အတွင်း လုပ်ငန်းဆောင် တာ များ ဆွေးနွေးသုံးသပ်ရန် အတွက် အစည်းအဝေး အား တရားဝင်ကျင်းပ ရန် တပ်မတော် ကာကွယ် ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အစိုးရ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဥက္ကဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ထံ ဦးစိုင်းအိုက်ပေါင်းမှ တရားဝင် စာရေး တောင်း ဆိုတင်ပြခြင်းဖြစ်သည်။

“ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ပေါ်မှာ သက်ဆိုင်ရာ အစိုးရနဲ့ တပ်မတော်အနေနဲ့ ဘယ်လိုသ ဘောထားတွေ ရှိတယ်ဆိုတာ ကျနော်တို့အတိအကျမသိရ ဘူး။ ဒါပေမယ့် ကျနော်တို့ မဲဆေ့ တခု ပေးချင်တာက သျှမ်းတိုင်းရင်းသားတွေက ဥပဒေ ဘောင်ထဲကနေ စည်းလုံးညီညွတ်မှု တည်ဆောက်နေတယ်။ အဲတဆင့်ထပ်တက်မယ်ဆိုရင် သျှမ်းပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသား အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ထပ်မံတည်ဆောက်မယ်။ အမြင့်ဆုံးအဆင့်မှာတော့ ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးစည်းလုံးညွတ်မှုကိုတည်ဆောက်ဖို့ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်” ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရေးစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဆက်လက်ပြီး စိုင်းလိတ် က “ ဒီအဖွဲ့အစည်းက နိုင်ငံတော် ပုန်ကန်ဖို့မဟုတ်သလို ဆန့်ကျင်ဖို့ လုပ်ထား တဲ့ အဖွဲ့အစည်း လည်း မဟုတ်ဘူးဆိုတာကို NRPC ဥက္ကဌ အပါအဝင် နိုင်ငံတော် အတိုင်အပင်ခံ ပုဂ္ဂိုလ် ပြီးတော့ နိုင်ငံတော် သမ္မကြီး တပ်မတော် ကာကွယ်ဦးစီးချုပ်တို့ ကိုယ်တိုင် ဒီအပေါ် မှာ ရှင်းရှင်း လင်း လင်း သိရှိထားဖို့လိုတယ်။ အဲဒီအပေါ် ရှင်းရှင်းလင်းလင်းမသိထားဘဲ CSSU က လုပ်သမျှ အစည်း အဝေး တိုင်းကို လိုက်လိုက်ပြီး ပိတ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ လုပ်ငန်းစဉ်မှာ အယုံ အကြည် ပျက်စေမယ်။ ကျနော်တို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ အဟန့်အတားပြုရာ လဲရောက်တယ်။ အဲ့ဒီ့ အတွက် ရှေ့ဆက် အဲဒီလိုမျိုးမဖြစ်အောင် တာဝန်ရှိနိုင်ငံတော်အကြီး အကဲများအနေနဲ့လုံး၀ကို ဆင်ခြင်သင့်ပါတယ်” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာ အားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးရမယ်။ စိတ်ရှည်သီး ခံရ မယ်။ သဘောထားကြီးရမယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အားလုံးပါဝင်ဆွေးနွေးမှရ မယ်။ တဘက်က ဖွင့်ပြီး တဘက်က ပိတ်တဲ့ လုပ်ရပ်မျိုးလုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးက ဘယ်တော့ မှ ရမှာမဟုတ်ဘူး” – ဟု မြန်မာ့ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးတွက် ပါဝင်ပံ့ပိုးမှု ပေးနေသည့် ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက ပြပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းအဝေးအား ဦးသိန်းစိန်အစိုးရခေတ်က ဟန့်တားပိတ်ပင်မှု မပြုခဲ့ဖူးသော်လည်း လူထုရွေးကောက်တင်မြောက်သည့် NLD အစိုးရခေတ်တွင် အစိုးရ သာမက တပ်မတော် အပါ အဝင် စစ်အင်အားဖြင့် အကြိမ်ကြိမ် လိုက်လန်ဟန့်တားပိတ်ပင်ခဲ့ဖူးသည်။

၂၀၁၇ ခု ဩဂုတ်လ က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရန် ပြင်ဆင်သည့်အစည်းဝေးပင် ထိုင်းနိုင်ငံ အစိုးရမှ တဆင့် ကျင်းပခြင်းမပြုရန် မြန်မာအစိုးရတပ်မတော်မှ လိုက်လံပိတ်ပင်ခဲ့သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေး ထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ဦးဆောင်ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် မြောက်ပိုင်းသျှမ်းပြည်တပ်မတော် SSPP/SSA အပါအဝင် ၊ သျှမ်းအမျိုးသား နိုင်ငံရေးပါတီ ဖြစ်သည့် ကျားခေါင်းပါတီ အမည်ရ SNLD ၊ ကျားဖြူပါတီ ၊ မင်္ဂလာစည်တော်ပါတီ တို့အပြင် သျှမ်းလူမှု အသင်း အဖွဲ့များလည်း ပါဝင် ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအချင်းချင်းကြား လူ့အခွင့်အရေးချိုးဖောက်မှုကို လျစ်လျူရှုတော့မှာလား

0
သျှမ်းတောင်တန်းပေါ်မှာ ယမ်းငွေ့တွေ သေနတ်သံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အရင်နှစ်ပေါင်းများစွာမှာတော့ ဗမာစစ်တပ်လို့ခေါ်တဲ့ လက်ရှိ စစ်အာဏာရှင် ကပဲ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ သျှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ ကြပါတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် တရုတ် - မြန်မာ...

CSSU လုပ်ငန်းစဉ်များ RCSS ခေတ္တဆိုင်းငံ့မည်

0
သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာမှာ ထိုက်သင့်သလောက် တိုးတက်မှုမရရှိခဲ့သဖြင့် RCSS အနေဖြင့် ခေတ္တဆိုင်းငံမည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၆)ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်သည် (RCSS/SSA) သည် CSSU ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ CSSU ၏ ရည်မှန်းချက်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများအကြား...

ဖက်ဒရယ်အခြေခံသည့် သျှမ်းပြည်ဖွဲ့စည်းပုံမူကြမ်းကို သျှမ်းပြည်တွင်းရှိ EAOs နှင့် ပါတီများ၊ CSO များ ထံသို့ CSSU ချပြမည်

0
ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး မူကြမ်း အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU )မှ ချပြသွားရန်ရှိကြောင်း သတင်းရရှိသည်။ “၂၀၂၂ ခုနှစ်ထဲမှာ ကျနော်တို့လုပ်မယ့် လုပ်ငန်းစဉ်ကို ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ကိုအခြေခံတဲ့...

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေး ကျားဖြူပါတီ ဥက္ကဌ မတက်ရောက်

0
၂၀၂၀ ခုနှစ် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးအား လက်ရှိကျင်းပနေရာမှာ အဖွဲ့ဝင်အသီးသီးမှ ခေါင်းဆောင်များအားလုံးတက်ရောက်နိုင်သော်လည်း ကျားဖြူပါတီ ဥက္ကဌ က ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းကြားသိရသည်။ ကိုဗစ်ကာလ သွားလာမှုခက်ခဲသောကြောင့် CSSU အစည်းအဝေးကို ဒီဇင်ဘာ ၁၇ မှ ၁၈ ရက်နေ့ အထိ အွန်လိုင်းဖြင့်သာ ကျင်းပပြု...

သျှမ်းမြောက် တိုက်ပွဲကြောင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်ဟု အစိုးရပြော

0
သျှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲသည် လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်သည် ဟု နိုင်ငံတော် သမ္မတ ရုံး မှ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောဆိုလိုက်သည်။ သြဂုတ် ၂၀ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့...