Tuesday, January 27, 2026

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

ထို့ပြင် တော်လှန်ရေးအဖွဲ့ အချို့သည် စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ သျှမ်းလူထုတို့၏ ပညာရေး၊ ဗဟုသုတ မပြည့်စုံခြင်းတို့ကြောင့် ရန်သူ၏ စည်းရုံးသိမ်းသွင်းမှုကို ခံရပြီး အသုံးချခံဘဝရောက်ခဲ့ကြရသည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုထားသည်။

ထိုကြောင့် သျှမ်းတော်လှန်ရေး၏ အားနည်းချက် ဖြစ်သလို တော်လှန်ရေး ပန်းတိုင်သို့ မရောက်အောင် ဟန့်တာားသည့် အတားအဆီးလည်း ဖြစ်ကြောင်းဆိုသည်။

တော်လှန်ရေး ရှည်ကြာလာခြင်းနှင့်အတူ သင်ခန်းစာအမျိုးမျိုးလည်း ရရှိခဲ့ပြီးဖြစ်၍ သျှမ်းပြည်လူထုများ၊ မျိုးချစ်များအနေဖြင့် ရရှိခဲ့သော သင်ခန်းစာအား လေ့လာသုံးသပ်ပြီး အတွေးအခေါ်နှင့် လုပ်ငန်းများအား ပြုပြင်ရမည်ဖြစ်သည်ဟု ၎င်းကဆိုထားသည်။

တော်လှန်ရေး ဆောလျင်စွာ အောင်မြင်ရေးနှင့် ကျွန်ဘဝလွတ်မြောက်ရေးအတွက် သျှမ်းပြည်သားများအား အနေဖြင့် အမျိုးသား၊ တိုင်းပြည်၊ ဘာသာ၊ သာသနာတို့အတွက် ရည်မှန်းပြီး တော်လှန်ရေးတွင် ရဲ့ဝံ့စွာပါဝင်ဆင်နွဲ့ကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းထားသည်။

ခေတ်အဆက်ဆက် သျှမ်းတော်လှန်ရေးသည် သျှမ်းပြည်လူထုတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ဖြင့် ဖြစ်တည်လာခဲ့ကြောင်း၊ ပြည်သူနှင့်တော်လှန်ရေးသည် ခွဲခြား၍မရနိုင်ကြောင်း Tai Student’ Union ကလည်း ယနေ့ပေးပို့သည့် သဝဏ်လွှာထဲတွင် ထည့်သွင်းပြောဆိုထားသည်။

သို့သော် ယခုအခါတွင် စစ်အာဏာရှင်စနစ်ဆိုးနျင့် ခေတ်နိုင်ငံရေးရေစီးကြောင့် ဖြစ်ပေါ်လာသော သျှမ်းပြည်တွင်းရေး အခြေအနေများသည် ပိုမိုရှုပ်ထွေးလာပြီး သျှမ်းပြည်သူတို့အပေါ် များစွာသက်ရောက်လျက်ရှိကာ သျှမ်းပြည်သူများသည် မိမိတို့၏ ရပိုင်ခွင့်များကို လက်လွတ်ဆုံးရှုံးနေရ၍ အားကိုးရာမဲ့ အခြေအနေဖြစ်နေခဲ့ကြောင်း ဆိုထားသည်။

သျှမ်းအမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးကို ဦးဆောင်နေသူများ အချင်းချင်းအပါအဝင် သျှမ်းလူမှုအသိုင်းအဝိုင်းများတွင် အချင်းချင်းမသင့်မမြတ် ဖြစ်နေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ကြောင်း၊ ထိုကြောင့် သျှမ်းတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ယခုလက်ရှိကာလတွင် သျှမ်းအမျိုးသား သွေးစည်း ညီညွတ်ရေးအတွက် ပြန်လည်ပေါင်းစဉ်းနိုင်ကြရန် မေတ္တာရပ်ခံကြောင်း Tai Student’ Union ကလည်း တိုက်တွန်းထားသည်။

သျှမ်းပြည်တော်လှန်ရေးနေ့ဆိုသည်မှာ ဗမာစစ်တပ်၏ ဖိနှိပ်ဒဏ်ကို မခံနိုင်သည့်အတွက် စဝ်ဆောယန္တ ဦးဆောင်ပြီး လူငယ် ၃၁ ဦး၊ သေနတ် ၇ လက်နှင့် ဖွဲ့စည်းလိုက်သည့် “နွံစစ်ဟန်” အဖွဲ့သည် ၁၉၅၈ မေလ ၂၁ ရက်နေ့တွင် သျှမ်းပြည်လွတ်လပ်ရေးရရှိရန်နှင့် နယ်ချဲ့ဗမာတပ်မတော်ကို တွန်းလှန်ရန်အတွက် သွေးသစ္စာရေသောက်ခဲ့ကာ သျှမ်းတော်လှန်ရေးသမိုင်းစတင်ခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

0
သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...