လားရှိုး MNDAA မှ တစ်လတိတိ ဖမ်းဆီးထားသည့် မိန်းကလေး ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးထားသည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ်မှာ ဖမ်းဆီးခံရပြီး တစ်လတိတိတွင် ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တစ်လအကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို မိဘများထံ ပြန်လည်အပ်နှံလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းယော်က ကိုးကန့်တပ်တွေ ဖမ်းထားတဲ့ ကောင်မလေးကို ဒီနေ့လယ် ၃ နာရီခွဲအချိန်မှာ ပြန်လွှတ်ပေးလိုက်တယ်။ မိဘတွေကတော့ သူတို့သမီး ပြန်လွတ်လာလို့ မပြောပြတတ်အောင် ဝမ်းသာနေတယ်။ အဘက်ဘက်က ကူညီပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ စကားပါးလိုက်တယ်”ဟု မိသားစုနှင့် နီးစပ်သည့် ၎င်းဒေသခံ အမျိုးသားက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပြန်ပစ်သတ်ခဲ့သည့် ကိုးကန့်တပ်သားနှစ်ဦးနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ MNDAA တပ်သားများမှ ၎င်းတို့ စခန်းချတပ်စွဲထားသည့် လုံမွန်းရွာ ဘုန်းကြီးကျောင်းသို့ အသက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

MNDAA

ကိုးကန့်တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည့် နန်းယိင်းဟွမ်မှာ MNDAA တပ်စခန်းတွင် တစ်လတိတိ ထိန်းသိမ်းခံထားခဲ့ရပြီး ယင်းအတောအတွင်း သေနတ်ပစ်သတ်ခံခဲ့ရ၍ သေဆုံးသွားသည့် ကိုးကန့်စစ်သား၏ မိခင်မှ လာရောက်ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

မတ်လ (၄) ရက်နေ့တွင် မိုင်းယော်တိုက်နယ် MNDAA တပ်စခန်းသို့ မိဘများမှ သွားရောက်တွေ့ဆုံချိန်တွင် နန်းယိင်းဟွမ်၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်စစ်သားနှစ်ဦး အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် ကိုးကန့်စစ်သားကို MNDAA မှ မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကနဦး ဖမ်းဆီးထိန်းသိမ်း ထားခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်ခြင်း မခံရမီ အခြားနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

MNDAA ထံ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ ဦးဆောင်၍ “Free Nang Ying Hom” အွန်လိုင်းကမ်ပိန်းကိုလည်း ပြုလုပ်ထားပြီး “MNDAA မှ ဖမ်းဆီးသွားသော နန်းယိင်းဟွမ်ကို အမြန်လွှတ်ပေးပါ”၊ “Civilian is not Hostage” စသည့် စာသားများဖြင့် တောင်းဆိုခဲ့ကြသည်။

MNDAA တပ်သား

ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်နှင့် ထိုင်း စသည့် သံရုံးများသို့ လိပ်မူ၍ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ မတ်လ (၁) ရက်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ မိဘများမှ လားရှိုးမြို့သို့ လာရောက်၍ မြို့ပေါ်ရှိ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် UWSA ‘ဝ’ဆက်ဆံရေးရုံးသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် သွားရောက် အကူအညီ တောင်းခံကာ လောက်ကိုင်မြို့ရှိ MNDAA ဌာနချုပ်သို့လည်း စာပေးပို့ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...