Wednesday, January 28, 2026

လားရှိုး MNDAA မှ တစ်လတိတိ ဖမ်းဆီးထားသည့် မိန်းကလေး ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးထားသည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ်မှာ ဖမ်းဆီးခံရပြီး တစ်လတိတိတွင် ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တစ်လအကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို မိဘများထံ ပြန်လည်အပ်နှံလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းယော်က ကိုးကန့်တပ်တွေ ဖမ်းထားတဲ့ ကောင်မလေးကို ဒီနေ့လယ် ၃ နာရီခွဲအချိန်မှာ ပြန်လွှတ်ပေးလိုက်တယ်။ မိဘတွေကတော့ သူတို့သမီး ပြန်လွတ်လာလို့ မပြောပြတတ်အောင် ဝမ်းသာနေတယ်။ အဘက်ဘက်က ကူညီပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ စကားပါးလိုက်တယ်”ဟု မိသားစုနှင့် နီးစပ်သည့် ၎င်းဒေသခံ အမျိုးသားက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပြန်ပစ်သတ်ခဲ့သည့် ကိုးကန့်တပ်သားနှစ်ဦးနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ MNDAA တပ်သားများမှ ၎င်းတို့ စခန်းချတပ်စွဲထားသည့် လုံမွန်းရွာ ဘုန်းကြီးကျောင်းသို့ အသက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

MNDAA

ကိုးကန့်တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည့် နန်းယိင်းဟွမ်မှာ MNDAA တပ်စခန်းတွင် တစ်လတိတိ ထိန်းသိမ်းခံထားခဲ့ရပြီး ယင်းအတောအတွင်း သေနတ်ပစ်သတ်ခံခဲ့ရ၍ သေဆုံးသွားသည့် ကိုးကန့်စစ်သား၏ မိခင်မှ လာရောက်ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

မတ်လ (၄) ရက်နေ့တွင် မိုင်းယော်တိုက်နယ် MNDAA တပ်စခန်းသို့ မိဘများမှ သွားရောက်တွေ့ဆုံချိန်တွင် နန်းယိင်းဟွမ်၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်စစ်သားနှစ်ဦး အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် ကိုးကန့်စစ်သားကို MNDAA မှ မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကနဦး ဖမ်းဆီးထိန်းသိမ်း ထားခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်ခြင်း မခံရမီ အခြားနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

MNDAA ထံ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ ဦးဆောင်၍ “Free Nang Ying Hom” အွန်လိုင်းကမ်ပိန်းကိုလည်း ပြုလုပ်ထားပြီး “MNDAA မှ ဖမ်းဆီးသွားသော နန်းယိင်းဟွမ်ကို အမြန်လွှတ်ပေးပါ”၊ “Civilian is not Hostage” စသည့် စာသားများဖြင့် တောင်းဆိုခဲ့ကြသည်။

MNDAA တပ်သား

ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်နှင့် ထိုင်း စသည့် သံရုံးများသို့ လိပ်မူ၍ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ မတ်လ (၁) ရက်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ မိဘများမှ လားရှိုးမြို့သို့ လာရောက်၍ မြို့ပေါ်ရှိ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် UWSA ‘ဝ’ဆက်ဆံရေးရုံးသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် သွားရောက် အကူအညီ တောင်းခံကာ လောက်ကိုင်မြို့ရှိ MNDAA ဌာနချုပ်သို့လည်း စာပေးပို့ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...