တောင်ကြီးတွင် စက်သုံးဆီ အလုအယက် ဝယ်ယူနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီဈေး မြင့်တက်နေပြီး စက်သုံးဆီများကို အလုအယက် ဝယ်ယူမှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၅ ရက်) နေ့ နံနက်အစောပိုင်းမှ စတင်ပြီး အွန်လိုင်းကျားဖြန့်ကိစ္စကြောင့် ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်ပို့ရောင်းချနေသည့် လျှပ်စစ်မီး၊ ဖုန်းအင်တာနက်လိုင်း နှင့် စက်သုံးဆီများကို မြန်မာနယ်စပ်တကြော တာချီလိတ်မြို့၊ မြဝတီမြို့ နှင့် ဘုရားသုံးဆူမြို့ တို့ကို စတင် ဖြတ်တောက်လိုက်သည်။

ထိုကြောင့် တာချီလိတ်မြို့ဘက် ဆီများပြတ်တောက်နေသောကြောင့် တောင်ကြီးမြို့ပေါ်တွင်လည်း စက်သုံးဆီများပြတ်လပ်လာမည်ကို စိုးရိမ်စိတ်ကြောင့် အလုယက်ဝယ်ယူနေကြကာ စက်သုံးဆီဈေးနူန်းများလည်း တက်လာသည်ဟု မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သတင်းတွေကို သေချာဖတ်စေချင်တယ်။ မြဝတီတို့ တာချီလိတ်တို့ဖက်က မီးတွေ ဆီတွေဖြတ်တာက ကျားဖြန့်ကြောင့်ဖြတ်တာ။ဒီဖက်က ဘာဆိုင်လို့ ဆီပြတ်ရမှာတုန်း။သူတို့တွေလုပ်တာနဲ့ ဒီကလည်း အပြေးအလွှားဝယ်တော့ ဆီဈေးက တက်သွားရော။” ဟု အဆိုပါ မြို့ခံ တစ်ဦးက ပြောသည်။

ယခင်က ဆိုင်ကယ်ဆီဖြည့်ရာတွင် ငွေ ကျပ်(၈၀၀၀)ဆိုလျှင် ဆီအပြည့် ရရှိသော်လည်း ယခုတွင် ငွေကျပ်(၁၀၀၀၀) မှ ဆီအပြည့်ရကြောင်း ၎င်းအမျိုးသားက ပြောသည်။

တောင်ကြီး ပေါ်တာဆွဲ

ဖေဖော်ဝါရီလ (၅)ရက် မတိုင်မီက တောင်ကြီးတွင် စက်သုံးဆီဈေးမှာ 92 တစ်လီတာကို ၃၂၅၅ကျပ် ရှိပြီး ယခုကာလတွင် 92 တစ်လီတာကို ၃၂၈၀ မျှ ဈေးတက်နေသည်ဟု သိရသည်။

စက်သုံးဆီဈေးမှာ ယခုရက်ပိုင်းအတွင်း မတည်မငြိမ်ဖြစ်နေပြီး ညနေပိုင်းအလုပ်ဆင်းချိန်နှင့် ပိတ်ရက်များတွင် တန်းစီဝယ်ယူနေရဆဲ ဖြစ်သည်ဟု မြို့ခံများ ထံမှသိရသည်။

“ဈေးမငြိမ်တာက လူတွေက စိုးရိမ်စိတ်နဲ့ လာလာဝယ်ကြတယ်။တစ်ခါငြိမ်သွားတယ်။ အဲဒါနဲ့ ဆီဆိုင်တွေကလည်း သူတို့အမြတ်စားတာပေါ့။ နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်စားနေတာ။” ဟု တောင်ကြီး မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ စက်သုံးဆီ သုံးစွဲမှု ပမာဏ၏ ၉၀ ရာခိုင်နူန်းကျော်မှာ စင်္ကာပူနိုင်ငံမှ အဓိက တင်သွင်း သိုလှောင် ဖြန့်ဖြူးပေးနေပြီး တစ်လလျှင် ပျမ်းမျှ ၅.၀ မက်ထရစ် တန်သန်းဝန်းကျင် တင်သွင်းဖြန်ဖြူးနေသည်ဟု စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ၂၀၂၃ ခုနှစ်တွင် ပြောထားသည်။

ဆက်လက်ပြီး စက်သုံးဆီများအား လိုင်စင်မဲ့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ဒဏ်ငွေကျပ်သိန်း (၅၀) အထိဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ စီရင်ချက် ချမှတ်နိုင်သည့် ဥပဒေ ပြဌာန်းထားသည်။

အလုပ်သင် သတင်းထောက် နန်းခမ်းကူ ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...