ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်က မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင်အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်ဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ခန့်ရှိသည်။

၎င်းက “ဖယ်ခုံမြို့အတွင်း တပ်မတော်မှနယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ မြို့တွင်း PDF များထောင်ထားသော မိုင်းများနျင့် မီးရှို့ဖျက်ဆီးထားသော နေရာအား ရှင်းလင်းဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း သိရသည်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

မူရင်းလင့်ခ် – https://archive.ph/ZPG2p

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများ အနေဖြင့် အဆိုပါအကြောင်းအရာ ကို စိစစ်ကြည့်သည့်အခါ လုပ်ကြံရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်မှ ဖော်ပြထားသည့်အကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ Reverse Image Search Tools ဖြင့် စိစစ်ခဲ့သည်။

ဒေသအတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ဖယ်ခုံမြို့နယ်အတွင်း အရပ်သားပြည်သူ ၂၀၀ ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာမှ ကောက်ရိတ် ပြန်လာသော အရပ်သား ၂၀၀ ထက်မနည်းအား ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ကြောင်း KNDF ၏ထုတ်ပြန်ချက်ကို ကိုးကား၍ People’s Spring သတင်းဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖော်ပြသည်။

ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ် – https://archive.ph/ZHV4j

ဖမ်းဆီးထားသော ပြည်သူ (၂၀၀) ဦးအား စစ်ကောင်စီမှ ပင်လောင်းမြို့ အားကစားရုံးအတွင်း ထိန်းသိမ်းထားကြောင်း KNDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

KNDF ထုတ်ပြန်ချက် – https://archive.ph/dxQmr

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူများကို ကျပ်ငွေ ၃၀,၀၀၀ (သုံးသောင်း) ပေးပြီး ပြန်ရွေးရသဖြင့် လူ ၃ ပုံ ၁ ပုံခန့်မှာ ပြန်လွှတ်လာကြောင်း KNDF ၏ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုး၏ အတည်ပြုဖြင့် ဗွီအိုအေ (VOA) သတင်းဌာနမှာလည်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://archive.ph/T24A0

Myanmar Now သတင်းဌာနမှ ဖော်ပြသော သတင်းတစ်ပုဒ်တွင် “စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ အမှတ် (၇) စစ်ဆင်ရေး ကွယ်ကဲမှုဌာနချုပ် (စကခ) ရှိရာ ဖယ်ခုံမြို့နှင့် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ရာ မိုးဗြဲကို အပြည့်အဝထိန်းချုပ်ရန် ထိုးစစ်ဆင်မည့် အခြေအနေရှိနေကြောင်း” PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်၏ အတည်ပြုချက်ဖြင့် ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/Wgiz7

သုံးသပ်ချက်

လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။ ထို့အပြင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံကြားရှိ ကျေးရွာနှင့် နေအိမ်များကို ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်နေကြောင်း သတင်းဌာနများက ဖော်ပြသည်။

ထို့ကြောင့် ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မှိုင်းရှင်းလင်းပြီး မကြာခင်အိမ်ပြန်နိုင် တော့မည် ဆိုသည့် ဝါဒ ဖြန့်ချိမှုအကြောင်းအရာက မှားယွင်းနေပါသည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...