Tuesday, January 27, 2026

ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်က မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင်အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မိုင်းရှင်းလင်းပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အိမ်ပြန်နိုင်တော့မည်ဟု လိမ်လည်ဝါဒဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်ဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ခန့်ရှိသည်။

၎င်းက “ဖယ်ခုံမြို့အတွင်း တပ်မတော်မှနယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ မြို့တွင်း PDF များထောင်ထားသော မိုင်းများနျင့် မီးရှို့ဖျက်ဆီးထားသော နေရာအား ရှင်းလင်းဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း သိရသည်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

မူရင်းလင့်ခ် – https://archive.ph/ZPG2p

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများ အနေဖြင့် အဆိုပါအကြောင်းအရာ ကို စိစစ်ကြည့်သည့်အခါ လုပ်ကြံရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်မှ ဖော်ပြထားသည့်အကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ Reverse Image Search Tools ဖြင့် စိစစ်ခဲ့သည်။

ဒေသအတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ဖယ်ခုံမြို့နယ်အတွင်း အရပ်သားပြည်သူ ၂၀၀ ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာမှ ကောက်ရိတ် ပြန်လာသော အရပ်သား ၂၀၀ ထက်မနည်းအား ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ကြောင်း KNDF ၏ထုတ်ပြန်ချက်ကို ကိုးကား၍ People’s Spring သတင်းဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖော်ပြသည်။

ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ် – https://archive.ph/ZHV4j

ဖမ်းဆီးထားသော ပြည်သူ (၂၀၀) ဦးအား စစ်ကောင်စီမှ ပင်လောင်းမြို့ အားကစားရုံးအတွင်း ထိန်းသိမ်းထားကြောင်း KNDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

KNDF ထုတ်ပြန်ချက် – https://archive.ph/dxQmr

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူများကို ကျပ်ငွေ ၃၀,၀၀၀ (သုံးသောင်း) ပေးပြီး ပြန်ရွေးရသဖြင့် လူ ၃ ပုံ ၁ ပုံခန့်မှာ ပြန်လွှတ်လာကြောင်း KNDF ၏ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုး၏ အတည်ပြုဖြင့် ဗွီအိုအေ (VOA) သတင်းဌာနမှာလည်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://archive.ph/T24A0

Myanmar Now သတင်းဌာနမှ ဖော်ပြသော သတင်းတစ်ပုဒ်တွင် “စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ အမှတ် (၇) စစ်ဆင်ရေး ကွယ်ကဲမှုဌာနချုပ် (စကခ) ရှိရာ ဖယ်ခုံမြို့နှင့် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ရာ မိုးဗြဲကို အပြည့်အဝထိန်းချုပ်ရန် ထိုးစစ်ဆင်မည့် အခြေအနေရှိနေကြောင်း” PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်၏ အတည်ပြုချက်ဖြင့် ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/Wgiz7

သုံးသပ်ချက်

လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။ ထို့အပြင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံကြားရှိ ကျေးရွာနှင့် နေအိမ်များကို ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်နေကြောင်း သတင်းဌာနများက ဖော်ပြသည်။

ထို့ကြောင့် ဖယ်ခုံမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ မြေမြုပ်မှိုင်းရှင်းလင်းပြီး မကြာခင်အိမ်ပြန်နိုင် တော့မည် ဆိုသည့် ဝါဒ ဖြန့်ချိမှုအကြောင်းအရာက မှားယွင်းနေပါသည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...