ထိုင်းနိုင်ငံတွင် CI စင်တာ ပြန်ဖွင့်မည်

ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ထုတ်ပေးသည့်စင်တာတစ်ခုကို ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်တွင် ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလမှစတင်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား များအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ် လျှောက်ထားနိုင်သည့် CI စင်တာတစ်ခုကို စမွတ်ဆာခွန်းခရိုင်၌ ဖွင့်ပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး Phiphat က (အောက်တိုဘာလ ၂၁ ရက်နေ့) အလုပ်သမား စီမံခန့်ခွဲရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

သို့သော် CI စင်တာဖွင့်မည့်ရက် အတိအကျကို မသိရှိရသေးပေ။

“ဟုတ်ပါတယ်။ CI စင်တာတစ်ခုကို စမွတ်ဆာခွန်းခရိုင်မှာ နောက်လကျရင် ပြန်ဖွင့်ပေးမှာပါ။ ဖွင့်တာက ဘယ်သူအတွက်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက စာရင်သွင်းထားတဲ့သူတွေ၊ မလုပ်ရသေးတဲ့အတွက်ကို ဦးစားပေးပြီး လုပ်ပေးမှာပါ။ အခုမှလာတဲ့သူတွေကိုတော့ စာအုပ်အသစ်မလုပ်ပေးဘူး” ဟု MAP Foundation မှ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးသူ ပီထောင်းခမ်းက ပြောသည်။

CI စင်တာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စာအုပ်လုပ်မည့် လူဦးရေများတိုးလာပါက CI စင်တာသစ်တွေ ခရိုင်အသီးသီးမှာ ထပ်ဖွင့်ပေးမည်ဟုလည်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောထားသည်။

မြန်မာဘက်မှ တောင်းဆိုလာခြင်းကြောင့် CI စာအုပ်ထုတ်ပေးသည့် စင်တာအားလုံးကို ဇူလိုင်ထဲတွင် ပိတ်လိုက်ပြီးသည့်နောက် ယခုစင်တာအသစ်ကို ပြန်ဖွင့်ပေးခြင်း ဖြစ်သည်။

“အခုမြန်မာနိုင်ငံမှာ စစ်ရေး၊ နိုင်ငံရေး အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို လာကြတဲ့သူတွေအများကြီး ရှိပါတယ်။ တကယ်လို့ ထိုင်းအစိုးရဘက်က အခုလာတဲ့သူတွေအတွက် စာအုပ်အသစ်မြန်မြန်မထုတ်ပေးနိုင်ဘူးဆိုရင်တော့ ကျနော်တို့ မြန်မာ့အလုပ်သမားတွေ ပိုပြီးအကြပ်အတည်းရောက်လိမ့်မယ်။ အခုလာကြတဲ့သူတွေက ပိုက်ဆံတွေသိန်းချီကုန်ခံပြီးလာရတဲ့အပြင် ထိုင်းနိုင်ငံမှာ အထောက်အထားမရှိလို့ အလုပ်မရတဲ့သူတွေလည်း အများကြီးရှိပါတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးသူ ပီထောင်းခမ်းက ထပ်လောင်းပြောသည်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအနေဖြင့်လည်း ထိုင်းနိုင်ငံမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာသင့်ကြောင်း၊ အထောက်အထားများ မပြည့်စုံပါက ဆင်ခြင်ပြီးနေသင့်ကြောင်းလည်း ပီထောင်းခမ်းက တိုက်တွန်းထားသည်။

ထိုင်းအစိုးရ၏ နိုင်ငံတွင်း တရားမဝင်အလုပ်သမား ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂၀ စီမံကိန်းအတွင်း မြန်မာအလုပ်သမား ဦးရေ ၂၁၀,၀၀၀ နီးပါး ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...