သျှမ်းမြောက်တွင် စက်သုံးဆီဝယ်လျှင် ရပ်ကွက်ထောက်ခံစာပါမှ ဝယ်ခွင့်ပြုမည်ဟုဆို

သျှမ်းမြောက်တွင် စစ်ကောင်စီမှ စက်သုံးဆီဝယ်သူများကို ရပ်ကွက် ထောက်ခံစာပါမှသာ ရောင်းချပေးရန် ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။

မေလ ၃၁ ရက်မှ စပြီး စက်သုံးဆီရောင်းချသူများကို ပုံး၊ ပေပါဖြင့်ရောင်းချခြင်း မပြုရန်နှင့် စက်သုံးဆီအရောင်းဆိုင်များမှ အခြားဆိုင်နှင့် လုပ်ငန်းများကို တိုက်ရိုက်ရောင်းချ ခြင်းမပြုရနှင့် မီးစက်များအတွက် မဖြစ်မနေ အသုံးပြုရမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာပါမှသာ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းကို ဒေသအဖွဲ့ အုပ်ချုပ်ရေးအကြီးအကဲမှ ထုတ်ပြန်ထားပါသည်။

ထို့အပြင် အမှန်တကယ် လိုအပ်သည့် ကားနှင့်ဆိုင်ကယ်အတွက်သာအသုံးပြုရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများမလိုက်နာလျှင် ထိရောက်စွာ အရေးယူမည်ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုသို့စက်သုံးဆီ အကန့်သတ်ဖြင့် ရောင်း၊ဝယ်ရတာကြောင့် ဒေသခံများက စိုက်ပျိုးရေးနှင့် သွားလာရေးအတွက် ပိုပြီး နှောင့်နှေးမှုဖြစ်ကာ စက်သုံးဆီ စျေးနှင့် ကုန်စျေးနှုန်းများ ပိုပြီး တက်လာနိုင်ကြောင်းသိရသည်။

“ ဒီလိုကန့်သတ်လိုက်တော့ လူတွေက နေ့တိုင်း အသုံးဆောင်လိုဖြစ်နေတော့ အလုယှက်တွေ ဝယ်ကြတော့ စေ◌ျးက ထပ်တက်မှာ ကြောက်တယ်။ ဆီတွေက စျေးတက်လာရင် စားသောက်ကုန်တွေလည်း စျေးတက်လာမှာ။ ပြီး တော့ စိုက်ပျိုးချိန်လည်း ဖြစ်တော့ စီးပွားရေးနဲ့ သွားလာရေးအတွက်က ပိုပြီး ခက်ခဲ ကြာစေတယ်ပေါ့။” ဟုတောင်ကြီးဒေသခံ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် သျှမ်းမြောက်ဒေသ( ၁၆) မြို့ကို တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ ထိုမြို့များသို့ စစ်သုံးဆီနှင့် စားသောက်ကုန်များ မရောက်စေခြင်းကြောင့် ကန့်သတ်လိုက်တာ ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိသျှမ်းမြောက်ဒေသတွင် စက်သုံးဆီ တစ်လီတာ ၃၆၀၀ အထက်ရှိနေပြီး ထိုထက်မက ဆီစျေးမြင့်မားလာနိုင်ကြောင်း စုံစမ်းသိရှိရသည်။

“ ၁၀၂၇ စစ်ဆေးဆင်ရေး” အပြီး(PSLF/TNLA) ထိန်းချုပ်ထားသည့် ဒေသများကိုလည်း လမ်းပိတ်ပြီး ကုန်စည် စီးဆင်းခွင့် ကန့်သတ်ထားကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...