TNLA နှင့် SSPP/SSA နယ်မြေ အငြင်းပွားမှု နှစ်ဖွဲ့အကြား တင်းမာ

သျှမ်းပြည် မြောက်ပိုင်းတွင် လက်တလောဖြစ်ပေါ်နေသည့် TNLA နှင့် SSPP/SSA တို့ နယ်မြေ အငြင်းပွားမှုကြောင့် နှစ်ဖွဲ့အကြား တင်းမာမှုများဖြစ်ပေါ်နေကြောင်း SSPP ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်သည် ယနေ့ (မေ ၃၁)ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကထုတ်ပြန်ထားသည်။

လက်တလောတွင်လည်း TNLA နှင့် SSPP/SSA တို့အကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး SSPP/SSA မှ ဗဟိုအဆင့်ထိပ်သီးကိုယ်စာလှယ်များက ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ဆုံးဆွေးနွေးခဲ့သည်။

ထိုနောက် အောက်ခြေတပ်များကို လိုက်နာရန် အမိန့်ထုတ် ပြန်ချက်များ ထုန်ပြန်ခဲ့ပြီး TNLA အနေဖြင့် လက်ရှိ ဖြစ်စဉ်များအပေါ် “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသည့်ဆန္ဒမရှိကြောင်း” TNLA ပြောရေးဆိုခွင့် ရှိသူ လွေးယေဦး ဆိုသူမှ Media များပေါ်တွင် ဖြေကြားချက်အရသိသာထင်ရှားကြောင်း SSPP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

SSPP တပ်သားများ

မဟာမိတ် ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသားစီးရလိုမှု၊ လူမျိုး‌ရေးခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ခွင့်လွှတ် သည်းခံနိုင်စွမ်းထက် ဘောင်ကျော်ပြီး ပြုမှုပြောဆိုသည့် လုပ်ရပ် မှန်သမျှသည် မလိုလာအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်သည့် အတွက် SSPP/SSA မှ လုံးဝ ကန့်ကွက်ရှုချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည် တိုးရေးပါတီ/ရှမ်းပြည် တပ်မတော် SSPP/SSA မှ မဟာမိတ်အကြား “ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူ” လက်ကိုင်းထားကာ ဗဟိုအဆင့်မှ အောက်ခြေတပ်များထိ လိုက်နာကျင့်သုံးစေရန် ထုန်းပြန်ချက်၊ အမိန့်ကြေညာချက်များ တွင် စဉ်ဆက်မပြတ် ထုတ်ပြန်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

TNLA

ယခု လက်ရှိ နိုင်ငံရေး/စစ်ရေးပြောင်းလဲမှု မြန်ဆန်သော အခြေနေကြောင့် SSPP/SSA အနေဖြင့် နိုင်ငံရေးဦး တည်ချက် မပြောင်းလဲသဖြင့် နိုင်းငံ‌ရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ပထမ ဦးစားပေးနည်းလမ်း တွေ့ဆုံ ဖြေရှင်သွား မည်ဖြစ်ကြောင်း သိရသည်။

ထိုတို့ကြိုးစားလုပ်ဆောင်ချက်များတွင် မဟာမိတ်အချို့၏ လုပ်ဆောင်ချက်များကြောင့် SSPP/SSA အပေါ်နှင့် လူထု အပေါ် အထင်အမြင်လွဲမှားစေပြီး နိုင်ငံရေးဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းရေးအတူယှဉ်တွဲနေထိုင်ရေးမူ ကို ခိုက်စေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် (မေလ ၂၇ ရက်) တွင် နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP တပ်စွဲထားသည့် ကျေးရွာများသို့ TNLA တပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းလာပြီး ၎င်းကျေးရွာများကို ဝိုင်းရံပိတ်ဆို့ကာ SSPP တပ်သားများအား လက်နက်ကိုင်ဆောင် ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်ကာ မူဆယ် သို့မဟုတ် မန်ဟီးရိုးမြို့သို့ ယာဉ်တန်းဖြင့် ပို့ဆောင်လိုက်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ အတွင်းကလည်း TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်ထဲသို့ ညီနောင်မဟာမိတ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားစုဆောင်းရေး ကိစ္စအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေး စသည့် ကိစ္စများကို ဆက်လက်မလုပ် ဆောင်ရန် TNLA မှ အထူး မေတ္တာရပ်ခံကြောင်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် စာပေးပို့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...