ကွတ်ခိုင် ညီနောင်မဟာမိတ်အချင်းချင်းကြား ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား အချင်းချင်း ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၁၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့အကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီး တအာင်း(ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ကြောင်းတို့ နှစ်ဘက်ထိတွေ့မှု ဖြစ်ပွားပြီး ညီနောင်မဟာမိတ်အချင်းချင်း သေနတ်ခြိမ်းခြောက်ပစ်ခတ်မှု ရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“မော်ဟန်ဘက်မှာ ဖြစ်တာ။ MNDAA က အကြောင်းမကြားဘဲနဲ့ အဲ့ဘက်တက်သွားတာ မတော်တဆ ထိတွေ့မှုဖြစ်တယ်ပြောတယ်။ အဲ့တာနဲ့ TNLA က သူတို့ကို ဝိုင်းပြီးတော့ ပေးမသွားတာ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး၊ နှစ်ဘက်တင်းမာမှု ဖြစ်ပြီးတော့ TNLA က ခြိမ်းခြောက်ပစ်ခတ်တဲ့ပုံစံ ဖြစ်တာ”ဟု ကွတ်ခိုင်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းခြိမ်းခြောက်ပစ်ခတ်မှုအတွင်း တအာင်း(ပလောင်) တပ်ဖွဲ့ TNLA မှ သေနတ်ကျည်သည် ကိုးကန့်တပ်သား တစ်ဦးအား ထိမှန်ခဲ့ပြီး လက်ရှိတွင် သိန္နီမြို့၌ ဆေးဝါးကုသနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“TNLA က သေနတ်နဲ့ ခြိမ်းခြောက်ပြီး ပစ်တော့ ကိုးကန့်တပ်သား တစ်ယောက်ကို ထိမှန်ပြီး အခု သိန္နီမှာ ဆေးကုနေတယ်။ ညပိုင်းရောက်တော့ ဆွေးနွေးမှု အဆင်ပြေလို့ထင်တယ် ကိုးကန့်တပ်လည်း သွားလို့ရသွားတယ်”ဟု ကွတ်ခိုင်မြို့နယ်မှ ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခြိမ်းခြောက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနမှူးထံသို့ လည်းကောင်း၊ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ လည်းကောင်း သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း နှစ်ဘက်စလုံးက ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ဧပြီလ ၁၉ ရက်တွင် ကွတ်ခိုင်မြို့ပေါ်ရှိ TNLA နှင့် MNDAA တပ်ဖွဲ့တို့အကြား နယ်မြေစိုးမိုးမှုနှင့် ပတ်သက်၍ စစ်ရေးတင်းမာနေပြီး နှစ်ဘက်တပ်ဖွဲ့အကြား ညှိနှိုင်းဆွေးနွေးမှု ပြေလည်ခြင်း မရှိသေးဘဲ သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“၁၉ ရက်နေ့က ဖြစ်တာ ဟုတ်တယ်၊ သေနတ်ဖောက်တာတို့ ရှိတာပေါ့။ ကြားမှာတောင်မှ ညှိနှိုင်းလို့ အဆင်မပြေသေးဘူးထင်တယ်။ ပေါက်ကွဲမယ့်ဆဲဆဲ ဗုံးပေါ်မှာ ထိုင်နေရသလိုပဲ၊ ဘယ်အချိန်မှာ စနက်တံ ဖြုတ်လိုက်မလဲတော့ မသိဘူး အဲ့လိုအခြေအနေဖြစ်နေတယ်။ လက်နက်ကိုင် အချင်းချင်းကြား ပဋိပက္ခ မဖြစ်အောင်တော့ အားလုံးရဲ့ တာဝန်ဖြစ်တယ်”ဟု ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ (ဧပြီလ ၂၂ ရက်)တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုသို့ စစ်အင်အားဖြည့်တင်းရန် ရောက်ရှိလာသည့် TNLA စစ်ကြောင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းပျံဝဲ၍ ဆုတ်ခွာခိုင်းခဲ့ကြောင်း သိန္နီမြို့နယ် ဒေသခံများက ပြောသည်။

သျှမ်းမြောက်တွင် ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်အခတ် ရပ်ဆိုင်းထားစဉ် ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သော တပ်ဖွဲ့ဝင် အချင်းချင်းအကြား နယ်မြေစိုးမိုးမှုနှင့် ပတ်သက်ပြီး စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...