ကျေးသီးမြို့နယ် လဝက ရုံးသို့ မှတ်ပုံတင်သွားလုပ်သူများ ပိုက်ဆံအဆမတန် တောင်းခံရ

သျှမ်းပြည် ကျေးသီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ပြည်သူ့အင်အား ဝန်းကြီးဌာနရုံး
သို့ မှတ်ပုံတင်သွားရောက်လုပ်ဆောင်သူ ဒေသခံများထံ ဝန်ထမ်းများက ပိုက်ဆံအဆမတန်တောင်းခံခြင်းကို ခံနေရကြောင်း သွားရောက်လုပ်ဆောင်ပြီးသူများ သတင်းပေးပို့ချက်အရသိရသည်။

ကျေးသီး လဝကရုံး

ယခင်က ဒေသခံများသည် မှတ်ပုံတင်လုပ်ဆောင်လျှင် တစ်ဦးကို အများဆုံး ၅ ထောင်ကျပ် လဝကရုံးမှ ဝန်ထမ်းများထံပေး၍ မှတ်ပုံတင်ရရှိခဲ့သော်လည်း လက်ရှိမှာ မှတ်ပုံတင်လုပ်ဆောင်ပါက တစ်ဦးကို မြန်မာကျပ်ငွေ ၃ သောင်းမှ ၅ သောင်းကျပ်အထိ ပေးဆောင်နေရကြောင်း ကိုယ်တိုင်ပေးဆောင်ရသူ ဒေသခံတစ်ဦးက ပြောသည်။

“မှတ်ပုံတင်သွားလုပ်ရင် ဘယ်လောက်ပေးရမှာလဲ သူတို့မပြောဘူး။ မှတ်ပုံလုပ်ပြီးရင် ဒီလောက်ပေးရမယ်၊ အဲ့လောက်ပေးရမယ် ဆိုပြီးတောင်းတာ။ အခုကလည်း နိုင်ငံရေးမကောင်းတာနဲ့ သူများတွေက နိုင်ငံခြား ထွက်ချင်လို့ မှတ်ပုံတင်လာလုပ်ပါတယ်ဆိုမှ သူတို့ကအခွင့်ကောင်း ယူပြီးတောင်းနေတာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခအပြင် နိုင်ငံရေး၊ စီးပွားရေး ကျဆင်းမှုကြောင့် ပြည်သူများသည် တစ်နေ့တစ်ခြား စားဝတ်နေရေး ပိုမိုကြပ်တည်းလာရာမှ စားဝတ်နေရေးဖြေရှင်းရန် အတွက် တိုင်းတပါးထွက်ပြီးအလုပ်ရှာဖွေနေကြခြင်း ဖြစ်သည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ပြည်သူ့အင်အား ဝန်းကြီးဌာနရုံးများသည် မှတ်ပုံတင်လာရောက်လုပ်ကိုင်သူ ဒေသခံများထံသို့ ပိုက်ဆံ အဆန်မတန် တောင်းခံမှု ရှိသလို တရားမဝင် ဝင်ရောက်လာသည့်တရုတ်လူမျိုးများထံ သိန်းနှင့်ချီပိုက်ဆံတောင်းယူ၍ မှတ်ပုံတင်အတု ထုတ်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...