မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

သျှမ်းပြည် မြောက်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခကြောင့် ယနေ့ ( နိုဝင်ဘာလ ၂ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှစပြီး ကျိုင်းတုံ-မိုင်းလား ကားလမ်းမပေါ်ရှိ တာပင်းဂိတ် (မိုင်းလားမြို့အဝင်ဂိတ်) ကို စစ်ကောင်စီဘက်မှ ပိတ်ချလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တာပင်းဂိတ်စခန်း

“ တာပင်းဂိတ်ကို စစ်ကောင်စီဘက်က ပိတ်လိုက်ပါပြီ။ သွားလာလို့မရတော့ပါဘူး “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ တာပင်းဂိတ်ကို ပိတ်ထားပြီဖြစ်သောကြောင့် ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။

ထို့ပြင် လက်တလောတွင် မြန်မာ-တရုတ်နယ်စပ်တလျှောက် စစ်ရေး ပဋိပက္ခများဖြစ်ပွားနေပြီး ပြည်သူများ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှု နှင့် စစ်ဘေးရှောင်ဖြစ်ရပ်မှုအပေါ် အလွန်စိတ်မကောင်းဖြစ်ကြောင်း အထူးဒေသ (၄) ငြိမ်းချမ်းရေး နှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား/NDAA) တို့က နိုဝင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။

တာပင်းဂိတ်စခန်း ရှိသည့်နေရာ

NDAA အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးပြီး မည်ကဲ့သို့သော လက်နက်ကိုင် ပဋိပက္ခမျိုးတွင် မဆို မည်သည့် ပုံသဏ္ဍာန်မျိုးမှ ဝင်ရောက်ပါဝင်ခြင်း၊ စွက်ဖက်ခြင်း ပြုမည်မဟုတ်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တိုင်းရင်းသားလူမျိုးစု၏ စည်းလုံးညီညွတ်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အစဥ်အမြဲ ကြိုးပမ်းရင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး အတွက် သဟဇာတဖြစ်သော၊ ချမ်းသာကြွယ်ဝသော လူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစစ်ဆေးရေးဂိတ်ကို အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာလ ၁၆ ရက်မှစပြီး ဖွင့်လှစ်လာခဲ့ရာ ၂ နှစ်ကျော်ကြာ ယနေ့ ( နိုဝင်ဘာလ ၂ ရက်) တွင် ပြန်လည်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...