Tuesday, January 27, 2026

မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

သျှမ်းပြည် မြောက်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခကြောင့် ယနေ့ ( နိုဝင်ဘာလ ၂ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှစပြီး ကျိုင်းတုံ-မိုင်းလား ကားလမ်းမပေါ်ရှိ တာပင်းဂိတ် (မိုင်းလားမြို့အဝင်ဂိတ်) ကို စစ်ကောင်စီဘက်မှ ပိတ်ချလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တာပင်းဂိတ်စခန်း

“ တာပင်းဂိတ်ကို စစ်ကောင်စီဘက်က ပိတ်လိုက်ပါပြီ။ သွားလာလို့မရတော့ပါဘူး “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ တာပင်းဂိတ်ကို ပိတ်ထားပြီဖြစ်သောကြောင့် ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။

ထို့ပြင် လက်တလောတွင် မြန်မာ-တရုတ်နယ်စပ်တလျှောက် စစ်ရေး ပဋိပက္ခများဖြစ်ပွားနေပြီး ပြည်သူများ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှု နှင့် စစ်ဘေးရှောင်ဖြစ်ရပ်မှုအပေါ် အလွန်စိတ်မကောင်းဖြစ်ကြောင်း အထူးဒေသ (၄) ငြိမ်းချမ်းရေး နှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား/NDAA) တို့က နိုဝင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။

တာပင်းဂိတ်စခန်း ရှိသည့်နေရာ

NDAA အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးပြီး မည်ကဲ့သို့သော လက်နက်ကိုင် ပဋိပက္ခမျိုးတွင် မဆို မည်သည့် ပုံသဏ္ဍာန်မျိုးမှ ဝင်ရောက်ပါဝင်ခြင်း၊ စွက်ဖက်ခြင်း ပြုမည်မဟုတ်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တိုင်းရင်းသားလူမျိုးစု၏ စည်းလုံးညီညွတ်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အစဥ်အမြဲ ကြိုးပမ်းရင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး အတွက် သဟဇာတဖြစ်သော၊ ချမ်းသာကြွယ်ဝသော လူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစစ်ဆေးရေးဂိတ်ကို အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာလ ၁၆ ရက်မှစပြီး ဖွင့်လှစ်လာခဲ့ရာ ၂ နှစ်ကျော်ကြာ ယနေ့ ( နိုဝင်ဘာလ ၂ ရက်) တွင် ပြန်လည်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...