သိန္နီမြို့ စစ်ဘေးရှောင်ဉီးရေ ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၂၇ ရက် မှ စတင်ဖြစ်ပွားသော ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် သိန္နီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်ရှိလာပြီး ၎င်းတို့မှာ စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်း သိန္နီမြို့ စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

“စားနပ်ရိက္ခာပိုင်းမှာဆိုရင်တော့ ထမင်းကတော့ ချက်ပေးတယ်။ စစ်ရှောင်ဦးရေက အရမ်းများပြီး လာလှူတဲ့ အလှူရှင်က မရှိဘူး၊ အကုန်လုံးကို မကျွေးနိုင်ဘူးပေါ့။ အိမ်နီးတဲ့လူတွေဆိုရင် အိမ်မှာ ဆန်ပြန်ယူပြီးတော့ ဘုန်းကြီးကျောင်းမှာ လာချက်စားရတာ။ သူများတွေ ထမင်းဝေတဲ့နေရာမှာ သွားယူပေမယ့်လည်း မလောက်ငှဘူးလေ”ဟု သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီ စစ်ရှောင်

အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၂၉ ရက်)အထိ သိန္နီမြို့ပေါ်ရှိ ကန်ဝိန်းကျောင်း၊ ကျောင်းဆိုင်၊ ဓာတ်တော်စေတီနှင့် ရွှေမြင်သာ ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ခန့်၊ ကျောင်းခမ်း ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၁၇၀၀ ကျော်၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် ရောက်ရှိခိုလှုံနေကြသည်။

“စိုးရိမ်တာကတော့ အစားအသောက်ပဲ စိုးရိမ်တယ်။ လာလှူတဲ့သူ၊ လာကူညီတဲ့သူ မရှိဘူးလေ။ ဘာလို့လဲဆိုတော့ မြို့အဝင်အထွက်လဲ လုပ်လို့မရတော့ဘူး၊ တခြားသူတွေလဲ လာကြည့်လို့ မရတော့လေ။ ဒီမှာက ရေကို စက်နဲ့တင်ရတာ။ ရေကတော့ သောက်ရေသုံးရေအတွက် ချွေတာရတာပေါ့။ ရေသန့်ကတော့ မရှိတော့ဘူး၊ ပြတ်နေတယ်။ တချို့တွေဆို ရေသန့်တောင် မသောက်ကြရတော့ဘူး”ဟု သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့နယ်အတွင်း ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းမှ စ၍ ယနေ့ (အောက်တိုဘာ ၂၉ ရက်) အထိ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နှစ်ဘက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် ပြည်သူများမှာ တိုက်ပွဲအတွင်း ပိတ်မိနေသည်။

လက်ရှိ သိန္နီမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး အချို့သော စစ်ဘေးရှောင်စခန်းများမှာ စစ်ကောင်စီတပ်နှင့် နီးကပ်နေသဖြင့် လုံခြုံရေးအခြေအနေကြောင့် မည်သူမှ အပြင်သို့ မထွက်ရဲကြဘဲ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးသူကိုပင် မြေမြှုပ်သင်္ဂြိုဟ်နိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်)က မန်မိုင်အုပ်စု ကျောင်းခမ်းရွာနေ ဦးဆံထွန်း ဆိုသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ကုန်းဟော်အုပ်စုမှ ဦးစိုင်းဖူး ဆိုသူ အမျိုးသားတစ်ဦးတို့ ထပ်မံသေဆုံးခဲ့သည်။

ယခုအချိန်ထိ သိန္နီမြို့သို့ အဝင်/အထွက် ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး အောက်တိုဘာ ၂၆ ရက်မှစ၍ လက်ရှိအချိန်အထိ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရကာ စစ်ကောင်စီလက်အောက်ခံ မိုင်တဲလ် လည်း မကြာခဏ ပြတ်တောက်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...