သိန္နီမြို့နယ် စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ် ဟိုမိန်းဘုန်းကြီးကျောင်းရောက် စစ်ရှောင်များသည့် ယနေ့ (အောက်တိုဘာ ၁၂)ရက်တွင် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့မှ စစ်ဘေးရှောင်များ

သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ လက်နက်ကြီးဖြင့် အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုကြောင့် ဟိုမိန်းကျောင်းသို့ ရောက် စစ်ဘေးရှောင်များသည် စုစုပေါင်း (၁၀၀) ကျော် နီးပါး ရှိသည်။

လက်ရှိမှာ တိုက်ပွဲငြိမ်းသက်နေသဖြင့် ယနေ့ အောက်တိုဘာလ (၁၂) ရက်တွင် သိန္နီမြို့နယ်၊ ဟိုမိန်းဘုန်းကြီးကျောင်း၌ ရောက်ရှိနေကြသည့် ကွန်ကောက်ကျေးရွာအုပ်စုမှ ဒေသခံများ ဖြစ်ကြသည့် ကျေးရွာ (၅) ရွာမှ စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရသည်။

သိန္နီမြို့မှ စစ်ဘေးရှောင်များ

ထိုစစ်ရှောင်များ ပြန်သည့် ကျေးရွာအနီးတွင်စစ်တပ်မှ နေရာယူထားသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တိုက်ပွဲတော့ ထပ်မဖြစ်တော့ဘူးလေ။ အဲ့ကြောင့် ပြောင်းဖူးတွေ ချိုးဖို့၊ လယ်တွေကို ကြည့်ဖို့၊ ကျွဲ နွားတွေ ပြန်ရှာဖို့ စတဲ့ စိုးရိမ်စိတ်တွေလည်း ရှိကြတော့ ပြန်သွားကြပြီ။ တချို့လည်း မနေ့ကတည်းက ပြန်သွားကြတာ။ ဒီနေ့တော့ အကုန်လုံး ပြန်သွားကြပြီ” ဟု စစ်ရှောင် ကူညီပေးသူ အမျိုးသားက ပြောသည်။

လက်ရှိတွင် ပစ်ခတ်မှု မရှိသောကြောင့် စစ်ရှောင်များက နေရပ်ပြန်သွားကြသော်လည်း စစ်ကောင်စီ တပ်နှင့် (KIA) တပ်တို့က ကျေးရွာအနီး ဆက်လက်နေရာယူထားကြောင်းလည်း အသက် (၄၀) ကျော်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့မှ စစ်ဘေးရှောင်များ

“စစ်ကောင်စီကတော့ ပါကန်းရွာ (ဝၢၼ်ႈပႃၵၢင်း) နား အနီးတစ်ဝိုက်မှာ ရှိနေတုန်းပဲ၊ KIA ကတော့ နောင်မောင်းရွာ (ဝၢၼ်ႈၼွင်မွင်း) ဘက်မှာပေါ့။ ဦးဇင်းတွေက အခြေအနေမကောင်းရင် ပြန်လာကြဖို့ စစ်ရှောင်တွေကို ပြောသွားပါတယ်။ ဒေသခံတွေလည်း အလုပ်တွေပျက်၊ စစ်ရှောင်တာ ရက်ကြာလို့ နေရပ်ပဲ ပြန်ချင်ကြတာပေါ့” အသက် (၄၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် ကွန်ကောက်ကျေးရွာအုပ်စုမှ ဝမ်ဟေကျေးရွာ (ဝၢၼ်ႈႁေႈ)၊ နောင်မောင်းကျေးရွာ (ၼွင်မွင်း)၊ ပိန်းဟုန်းကျေးရွာ (ပဵင်းႁုင်း)၊ ပိန်းကန်းရွာ (ပဵင်းၵၢင်း) နှင့် ကွန်ကောက်ကျေးရွာ (ၵုၼ်ၵွၵ်ႇ) တို့ ဖြစ်ကြသည်။

အာဏာသိမ်းတပ်နှင့် (KIA) တပ်တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့တွင် လက်နက်ကြီး ဖြင့် အချင်းချင်း ပစ်ခတ်မှု စတင်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ထိခိုက်ပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးခြင်း နှင့် အရပ်းသားများလည်း ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်။

လက်ရှိတွင် နေရပ်မပြန်ရသေးသေည့် မြို့ပေါ်ရှိ အမျိုးများထံသို့ စစ်ရှောင်နေသည့် ဒေသခံများ ကလည်း ၁၀၀ ကျော်နီးပါး ရှိနေကြောင်းလည်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...