သိန္နီ-ကွမ်လုံလမ်းပိုင်း ဆက်ကြေး ကောက်ခံမှုကြောင့် ပြောင်းစိုက်သူများ အခက်ကြုံ

သျှမ်းပြည် သိန္နီ-ကွမ်လုံ ကားလမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များစောင့်ပြီး အခွန် (ဆက်ကြေး) ကောက်ခံမှုကြောင့် ပြောင်းစိုက်တောင်သူများအပေါ် ပြောင်းဈေးနှုန်းရိုက်ခတ်လာနေကြောင်း စုံစမ်းသိရသည်။

ကားကို ကန့်လန့်ဖြတ်ရပ်ပြီး ဆက်ကြေးကောက်နေသည့် KIA

ယခု သီတင်းပတ်အတွင်း သိန္နီ-ကွမ်လုံ ကားလမ်းပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ကုန်တင်ကားကြီးများကို ကားဘီး ၁ ဘီးလျှင် ၁၀ သိန်းမှ ၁၅ သိန်းအထိ ကောက်ခံနေကြောင်း သိန္နီမြို့ဒေသခံ ပြောင်းစိုက်တောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကွန်ကောက်ရွာမှာ KIO/ KIA တွေလာနေပြီး အခွန်ကောက်နေတာ ၇ ရက်ကျော်နေပြီ။ အိမ်စီးကားတွေတော့ သူတို့မကောက်ဘူး။ ကုန်တင်ကားကြီးတွေ ကောက်နေတာ။ ကုန်တင်ကားတွေက သူတို့ကားဘီးနဲ့ တွက်ပြီး ၁ ဘီးကို ၁၀ သိန်းကနေ ၁၅ သိန်းအထိ တောင်းတယ်။ ကုန်များများတင်ရင် သူတို့များများတောင်းတယ် “ ဟု ၎င်းက ပြောသည်။

ပြောင်းခင်းပုံ

အဆိုပါ ကုန်တင်ကားလမ်းပိုင်းအတွင်း အခွန် (ဆက်ကြေး) ကောက်ခံမှုကြောင့် ပြောင်းကုန်သည်များအပေါ် ထိခိုက်ခဲ့ရာ ပြောင်းစိုက်တောင်သူများကို ပြောင်းဈေးနှုန်း နှိမ်ပြီးဝယ်ယူမှုတွေ ရှိနေကြောင်း သိရသည်။

မိုးနဲမြို့နယ်ရှိ ပြောင်းဖူးခြံ

“ အခုမြေသြဇာတွေက တရုတ်၊ ထိုင်းကနေ လာတော့ဈေးကြီးပေးပြီး ဝယ်ရတယ်။ အဲ့အပြင် လုပ်အားခ စရိတ်တွေကလည်း ပေးရသေးတယ်။ ကုန်သည်တွေကတော့ သူတို့မမြတ်ရင် သူတို့မလုပ်ဘူးလေ။ လမ်းမှာအခွန်တွေ များများဆောင်ရရင် သူတို့လည်းအမြတ်ရဖို့က သိပ်မရှိတော့ ပြောင်း ၁ ပိဿကို ၁ ထောင်ကျပ်နဲ့ ပေးဝယ်မယ့်အစား ၁ ပိဿကို ၉၀၀ ကျပ်လောက် ဈေးနိမ်ပြီး ဝယ်တော့တာ “ ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိမှာ သိန္နီမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) တို့အကြား စစ်ရေး တင်းမာနေလျက်ရှိသောကြောင့် ကုန်တင်ကားများလည်း ပိတ်မိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...