လေကြောင်းတိုက်ခိုက် ခံနေရသည့် သျှမ်း – ကယားနယ်စပ်ရှိ စစ်ရှောင်များ အကူညီလိုအပ်နေ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံစားနေရသည့် သျှမ်း – ကယားနယ်စပ် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

နယ်ရှောင်စခန်း

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်း မှစ၍ သျှမ်း – ကယားနယ်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီမှ ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ပိုမို တိုက်ခိုက်လာမှုကြောင့် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာခန့်မှ လူဦးရေ ၁၀၀၀ ကျော်သည် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

လက်ရှိအချိန်ထိ ဖယ်ခုံ – ပင်လောင်းနယ်စပ်ဒေသတွင် စစ်ကောင်စီ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဉ်နီးပါး ပျံဝဲပြီး ဗုံးကြဲနေသောကြောင့် စစ်ဘေးရှောင်များသည် ယနေ့ထက်ထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။

“ အခု သူတို့ လေကြောင်း ပိုတိုက်ခိုက်လာတော့ လုံခြုံရေးအတွက် အရမ်းစိုးရိမ်ရတယ်။ တချို့နေအိမ်ထဲမှာ ဗုံးကြဲခံရတော့ တောတောင်ထဲကို ထွက်ပြေးကြရတယ်။ တချို့က ကလေးငယ်တွေနဲ့ အဆင်မပြေဘူး။ တောထဲမှာဆို မြွေ၊ ကင်းမြီးကောက် တို့ကို ကြောက်ရတယ်လေ။ အခု သူတို့ လေယာဉ်ဗုံးကြဲလာတာကလည်း မနက် ၃ နာရီ၊ ၄ နာရီ အဲ့လိုမျိုး လာကြဲတော့ ပိုပြီးခက်ခဲတယ် “ဟု ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲပြင်းထန်သည့် နယ်မြေဒေသ ဖြစ်သောကြောင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ရှောင်များသည် အလှူရှင်ထံမှ ထောက်ပံ့မှုများလည်း မရရှိကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် သျှမ်း – ကယားနယ်စပ်ဒေသတွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူခွင့်အတွက်ကလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှု တင်းကြပ်လာခြင်း နှင့် အချို့နေရာ ဒေသတွင် ဖုန်းလိုင်းပြတ်တောက်ခံထားရခြင်းကြောင့် စစ်ဘေးရှောင်များသည် ဖြတ်လေးဖြတ် ဖြတ်ခံထားရသလို ခံစားနေရသည်။

“ အခု ကျမတို့ နေတဲ့နေရာမှာတော့ ဖြတ်လေးဖြတ် ဖြတ်ခံထားရသလို ခံစားနေရတယ်။ လမ်းကြောင်းတွေ အကုန်လုံး ပိတ်ထားတယ်။ အဲ့ကြောင့် အလှူရှင်တွေလည်း သိပ်မရှိဘူး။ အခု ကျမတို့ ကျေးရွာမှာ ဟင်းသီး၊ ဟင်းရွက်တွေက ပေါတယ်။ ဒါပေမယ့် ပြန်လို့ မရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဟင်းသီးဟင်းရွက်ရှိပေမယ့် သွားခူးလို့ မရတဲ့အနေခြေကြောင့် အခုကျွန်မတို့ စစ်ရှောင်တွေ ကုလားပဲနဲ့ နပန်းလုံး နေရတယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင် ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ အားကိုးအသုံးပြုနေသည့် ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဆေးဝါးများသည် လိုသလောက် ကုသမှုမရှိကြောင်း ဆောင်းဖွေးဆေးရုံမှ တာဝန်ခံ ဆရာမတစ်ဦးက ပြောသည်။

“လူတွေက တစ်ယောက်တစ်နေရာ ရောက်ကုန်တယ်။ တချို့ သွားဖို့ နေရာမရှိတော့ အဲ့နေရာမှာဘဲ ပြန်နေကြတယ်။ ဆေးဝါးတွေကလည်း အခက်ခဲ ရှိနေတယ်။ လာလှူပေးမယ့် အလှူရှင်တွေလည်း မရှိဘူး။ ဆေးရုံ၊ ဆေးခန်းလည်း ပျက်သွားတော့ အဲ့မှာ မနေရဲကြတော့ဘူး။ ပိုက်ဆံကလည်း မရှိတော့ ဒီအတိုင်း တတ်နိုင်သလောက်ဘဲ ကုပေးနေရတယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယားနယ်စပ်ဒေသ တလျောက်ရှိ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်ဖွဲ့မှ အပြင်းအထန် နှိမ်နင်းလာမှုကြောင့် ပြီးခဲ့သည့် ၂၆ လအတွင်း အရပ်သား ၄၅၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားသည်။

အရပ်သားသေဆုံးမှု ဖြစ်စဉ်တွင် စစ်ကောင်စီမှ လက်နက်ကြီး နှင့် လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ် မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...