ဒီမော့ဆို အနောက်ဘက်ခြမ်းကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ကရင်နီပြည် (ကယား) ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း နှင့် ဒေသခံ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် စဉ်ဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်း သိရှိရသည်။

ဗုံးကြဲမှုကြောင့်ပျက်စီးသွားတဲ့စစ်ရှောင်တဲ

ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်း ၉ နာရီမှ စပြီး ဒီမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း အိမ် အပါအဝင် ဒေသခံနေအိမ်ရှိ ၁၁ မိုင်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် စဉ်ဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟုတ်တယ်။ ဒီနေ့ မနက် ၉ နာရီလောက်ကစပြီး လာကြဲသွားတာ။ ၁၁ မိုင်ကုန်းတစ်နေရာကို လက်နက်ကြီးနဲ့ကော လေယာဉ်နဲ့ကော လာကြဲသွားတာဗျ။ အဲ့နေရာမှာ ဒေသခံတွေ အများစုရှိတယ်။ စစ်ရှောင်စခန်းတွေလည်း ရှိတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများ ရှိသော်လည်း အသေးစိတ်ကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။

ထို့အပြင် စစ်ကောင်စီသည် ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ ၁၁ မိုင်ကုန်းကို ယခုတစ်ကြိမ် အပါအဝင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ၅ ကြိမ်မြောက် ရှိနေပြီဖြစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့စစ်ရှောင်တဲ

“ ၁၁ မိုင်ကုန်းကို လေယာဉ်နဲ့ ဗုံးကြဲတာ ၄ ကြိမ်ရှိပါပြီ။ ပြည်သူတွေလည်း ထိခိုက်မှုများနေပြီဗျ။ စစ်ရှောင်တွေ ထွက်ပြေးစရာ မြေမရှိတော့ဘူး။ မကြာခင် မိုးတွင်းရောက်တော့မှာ တဲထိုးဖို့ မိုးကာတွေ လိုမယ်။ အခုလည်း ရေပြဿနာ ဖြစ်နေလို့ ၅ ရက်မှ တစ်ခါ ရေချိုးကြရတာ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယားနယ်စပ် ဒေသတလျောက်ရှိ ဒီမော့ဆို ၊ ဖယ်ခုံ နှင့် မိုးဗြဲ စသည့် ဒေသတွင် စစ်ကောင်စီမှ တိုက်လေယာဉ်ကို အသုံးပြုပြီး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည့် အပေါ်တွင် ပြည်သူများက စိုးရိမ်ထိတ်လန့်မှု နှင့် ရှင်သန်နေရကြောင်း ၎င်း အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ ဒီမနက် ၉ နာရီခွဲကစပြီး လာကြဲသွားတာ အဲ့တစ်နေရာထဲကို လာကြဲသွားတာ။ ၅ ခေါက်လောက် လာကြဲသွားတာ။ လက်နက်ကြီးတွေနဲ့ကော အရမ်းထုတယ်။ ဒါတွေ မကျေနပ်သေးဘူး ခဏတစ်အောင့်လောက် ထပ်လာကြဲပြန်ရော။ ကျည်ဆံထိပြီး သေတာထက်ဆိုင်ရင် ဒီတုန်လှုပ်မှုနဲ့ ခံစားနေရတဲ့ ဝေဒနာနဲ့ အသက်ရှူကြပ်ပြီး ဘယ်လောက်ထိ ခံစားနေရလဲ ကျွန်မကိုယ်တိုင်လည်း သိတယ်။ ဒီခံစားချက်တွေကို အထက်လူကြီးတွေက လက်ပိုက်ပြီးတော့ ကြည့်နေတော့မလား။ ပြည်သူတွေက လက်နက်မရှိဘဲ တိုက်နေရတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် (ဧပြီလ ၂၅ ရက်) တွင်လည်း ဖယ်ခုံမြို့နယ် ဆောင်းဖွေးပြည်သူ့ဆေးရုံကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် (၅) ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၅) နှစ် ကလေးငယ် အပါအဝင် ပြည်သူ (၅) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MOH NUG ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...