သိန္နီဟော်နန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် လာရောက်ဖွင့်လှစ်

သျှမ်းပြည် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန္နီဟော်နန်းကို စစ်ကောင်စီအုပ်စုမှ ပြန်လည်တည်ဆောက် ပေးခဲ့ပြီး ယနေ့ (ဧပြီလ ၁၁ ရက်) နေ့လည်ပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရှိရသည်။

အာဏာသိမ်းခေါင်းဆောင်ကို မကြိုမနေရ နဲ့ ပြည်သူများကြိုနေရ

ယနေ့ (မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် သိန္နီဟော်နန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က လာရောက်ဖွင့်လှစ်မည်ဆိုသည့် သတင်းကြောင့် သိန္နီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးတင်းကြပ်ထားပြီး အဆိုပါ ဟော်နန်းအသစ်ဖွင့်ပွဲ စည်းကားရန်အတွက် ဒေသခံ၊ ဝန်ထမ်းနှင့် တောင်သူလယ်သမား စုစုပေါင်း လူဦးရေ (၂,၂၀၀)ကို “ မသွားမနေရ “ ခေါ်ယူခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခေါင်းဆောင်၏ လုံခြုံရေးအတွက် ဟော်နန်းအသစ်ဖွင့်ပွဲသို့ တက်ရောက်သူများကို လက်ကိုင်ဖုန်းယူဆောင်ခြင်းမပြုသည့်အပြင် ပုံရိုက်ခွင့်လည်းမရှိကြောင်း ပွဲသို့တက်ရောက်ခဲ့သည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

သိန္နီဟော်နန်းဖွင့်ပွဲ မှာ အာဏာသိမ်းခေါင်းဆောင်ကို ကြိုဆိုနေရတဲ့ပြည်သူ

“ သူတို့ပြောတာတော့ မနက်ပိုင်း ၉ နာရီမှာ လူကြီးရောက်မယ်လို့ ပြောတာ။ ဒါပေမယ့် နေ့လယ်ပိုင်းလောက်မှ ရောက်လာတာ။ မင်းအောင်လှိုင်ကိုယ်တိုင်က ပွဲကိုလာရောက်ခဲ့တာပါ။ ပြီးတော့ ဟော်နန်းအမှတ်တံဆိပ် ကပ်ခံထားရတဲ့သူမှ ပွဲကိုဝင်ဖို့ ခွင့်ပြုထားတယ် “ ဟု ၎င်းက ပြောသည်။

အလားတူ ဟော်နန်းဖွင့်ပွဲအတွင်းသို့ တက်ရောက်လာသူတိုင်းကို ဓာတ်ပုံ၊ ဗီဒီယို မရိုက်ဖို့ရန် စစ်ကောင်စီတပ်ဖွဲ့မှ တားမြစ်ထားကြောင်း သိရသည်။

သိန္နီဟော်နန်း

အဆိုပါ သိန္နီ ဟော်နန်းဖွင့်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိထားရသော်လည်း ဟော်နန်းဖွင့်ပွဲအတွင်းမှာ အလှူဒါနပြုလုပ်ခြင်း၊ မိန့်ခွန်းပြောခြင်း စသည့်ဖြင့် အသေးစိတ်ကိုတော့ မသိရသေးပေ။

သိန္နီဟော်နန်းဖွင့်ပွဲ မပြုခင် တပတ်အတွင်း ဟော်အနီးတွင်နေထိုင်သည့်နေအိမ်များကိုလည်း ဝင်ရောက်စစ်ဆေးမှုပြုလုပ်ကြောင်း သိရသည်။

” စစ်ခေါင်းဆောင်မလာခင် တပတ်အလိုမှာ ဟော်အနီးမှာ နေတဲ့အိမ်ကို စစ်ဆေးရေးတင်းကြပ်ခဲ့တယ်။ အဲ့အိမ်တွေမှာ PDF တွေလာပြီးနေမှာကြောက်လို့ဆိုပြီး စစ်ဆေးတာ” ဟု ဒေသခံအမျိုးသားက ထပ်လောင်းပြောသည်။

အဆိုပါ ဟော်နန်းတည်ဆောက်ရေးတွင်လည်း ကုန်ကျငွေ ကျပ်သိန်း ၃ထောင်ကျော်ရှိကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) သိန္နီမြို့ရှိ သိန္နီဟော်နန်းကို ၁၂၇၃ ခုနှစ် (ခရစ်နှစ် ၁၉၁၁ ခုနှစ်)မှ သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဗုံးထိမှန်ပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် သိန္နီဟော်နန်း ပြန်လည်တည်ဆောက်ဖို့အတွက် ပန္နက်တော်တင် အခမ်းအနားကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၅ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က တက်ခဲ့ရောက်လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...