Tuesday, January 27, 2026

စစ်ကောင်စီ ပေးအပ်သည့်ဘွဲ့ ကိုယ်တိုင် မတက်ယူသူများ တောင်ကြီးတွင် အခမ်းအနားဖြင့်ပြန်ပေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဝဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ကို ယနေ့ (ဇန်နဝါရီ ၁၃) ရက်တွင် စစ်ကောင်စီတို့က တောင်ကြီးမြို့၌ လာရောက်ပေးအပ်ကြောင်း စုံစမ်းသိရသည်။

Photo- Song Harn ဗိုလ်မှူးကြီး ရှောင်းဟန် မှ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်စားပြုကာ ဘွဲ့ တံဆိပ် တက်ယူ

နေပြည်တော်တွင် ကျင်းပသည့် ဇန်နဝါရီ လဆန်းပိုင်း (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် အာဏာသိမ်း စစ်ခေါင်းဆောင်မှ ပြည်ထောင်စုအတွက် ကောင်းရာကောင်းကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သူများကို ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ရာ နေပြည်တော်သို့ တက်ရောက် မယူသည့်သူများကို တောင်ကြီးမြို့တွင် ယနေ့ ဘွဲ့တံဆိပ်လာရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုထဲတွင် နေပြည်တော်သို့ ဝဏ္ဏကျော်ထင်ဘွဲ့ ကို တက်ရောက်မယူခဲ့သည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်စား ဗိုလ်မှူးကြီး ရှောင်းဟန်က ကိုယ်စားပြုကာ ဘွဲ့ တံဆိပ် တက်ယူခဲ့ကြောင်းလည်း RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုခဲ့သည်။

“ကျနော်တို့ ဥက္ကဌကြီးကိုယ်စား ဗိုလ်မှူးကြီး ရှောင်းဟန်က အစားထိုး တက်ယူပေးတာ အမှန်ဟုတ်ပါတယ်၊ ကျန်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ တောင်ကြီးတွင် ပြုလုပ်သည့် ဘွဲ့တံဆိပ် ပေးအပ်သည့် အခမ်းအနား တွင် စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ်မှ တက်ရောက်ပေးအပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

RCSS/SSA ခေါင်းဆောင်၏ ဝဏ္ဏကျော်ထင်ဘွဲ့ အပါအဝင် သျှမ်းပြည်မှ တခြား စစ်ကောင်စီ ပေးအပ်သည့် ဘွဲ့တံဆိပ်ဆုရသည့် သူများအချို့ကိုလည်း တောင်ကြီးမြို့တွင် ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အတူ ဘွဲ့တံဆိပ် ဆု ရသူများကို ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည့် အခမ်းအနားလည်း လုပ်ဆောင်ခဲ့သော်လည်း RCSS/SSA ခေါင်းဆောင်က တက်ရောက်ခြင်း မရှိခဲ့ပေ။

စစ်ကောင်စီ ပေးသည့် ဘွဲ့ကို သျှမ်းပြည်သား (၅) ဦး လက်ခံရရှိခဲ့ပြီး၊ ထိုထဲတွင် ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်း၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ဒု – ဥက္ကဌ (၂) စိုင်းမျိုးသန့်၊ နမ့်ခမ်းကျားဖြူပါတီ ဥက္ကဌ လည်းဖြစ် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဒု – ဝန်ကြီးဟောင်း ဒေါက်တာ စိုင်းကျော်အုန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ် သျှမ်းပြည်လွှတ်တော် ဥက္ကဌဟောင်းလည်းဖြစ်သည့် စိုင်းလုံးဆိုင် နှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ဖြစ်ကြောင်း သိရသည်။

ထို့ အတူပင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော EAOs တို့ ဆွေးနွေးပွဲ တွင် EAOs ၅ ဖွဲ့ တက်ရောက်ခဲ့ပြီး RCSS/SSA နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...