တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာဖရဲသီးများ အရှုံးပေါ်

တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချနေသည့် မြန်မာဖရဲသီးများ ပွဲစား မှ တစ်ဆင့်ရောင်းရပြီး ယခုနှစ်ဖရဲသီး ခြံပိုင်ရှင်များ အရှုံးပေါ်နေကြောင်း စုံစမ်း သိရှိရသည်။

ဖရဲသီး

အဆိုပါ ဖရဲသီးများ ဈေးမကောင်းသည့်အပြင် တရုတ်ဘက်သို့ တင်ပို့ရန်အတွက် လမ်းတစ်ဝက်တွင် အခွန်များ ပေးဆောင်ရသည့် အတွက်ကြောင့် အမြတ်မကျန်ဘဲ အရှုံးပေါ်နေကြောင်း သိရသည်။

“တရုတ်ဘက်ကို တင်ရောင်းမယ်ဆိုရင် ကိုယ်တိုင်မရောင်းရဘူး။ ပွဲစားတွေနဲ့ပဲ ရောင်းခိုင်းရတယ်။ ကျနော်တို့ ဘက်ကနေ ဈေးနှုန်းတွေလည်း သေချာမသိရဘူး။ အသွားလမ်းတွေမှာ အခွန်ပေးရတာရှိတယ်လေ။ ကားကြီးဆိုတော့ သိန်းကျော်တွေပေးရတယ်။ ဒီနှစ်တော့ ဖရဲသီးတွေကရှုံးတယ်” ဟု ဖရဲသီး ခြံပိုင်ရှင်က ပြောသည်။

ယခု ဒီဇင်ဘာလမှ စပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ပြန်ဖွင့်ပေးခဲ့သော်ကြောင့် ဖရဲသီးများက ပုတ်သိုးမှုများလည်းရှိကြောင်း၊ အမှည့်လွန်မှုလည်း ရှိသောကြောင့် ဈေးကောင်းမရရှိကြကြောင်း မူဆယ်မြို့ ဖရဲပွဲရုံထံမှ သိရသည်။

ထိုအပြင် တရုတ်နိုင်ငံဘက်တွင် ကိုဗစ် တစ်ဖန် ပြန်မြင့်တက်လာသည့် အခြေနေရှိသည့်အတွက်ကြောင့် ဝယ်ယူသူများလည်း နည်းနေကြောင်း သိရသည်။

“ တရုတ်ဘက်လည်း ကိုဗစ် ပြန်ဖြစ်တယ်လေ။ ဝယ်သူတွေလည်း နည်းတယ်။ ပြီးတော့ ဖရဲသီးက လမ်းမှာ ကြာတာရှိတဲ့အတွက်ကြောင့် တရုတ်ဘက်ရောက်တဲ့ချိန်မှာ အမြည့်လွန်တာလည်းရှိတာကြောင့် ဈေးကောင်း သိပ်မရကြတာ။ ဒီနှစ်က ဖရဲသီး အရှုံးပေါ်တယ်” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခင်နှစ်များတွင် ဖရဲသီး တစ်ကီလိုကို ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ် ဝန်းကျင်ရှိပြီး ယခုနှစ်တွင် တစ်ကီလိုကို ၅၀၀ ကျပ် ဝန်းကျင်သာ ရရှိကြောင်း သိရသည်။

ထိုသို့ တရုတ်ဘက်သို့ တင်သွင်းရာတွင် ဈေးကောင်းမရရှိသည့်အတွက်ကြောင့် ဖရဲခြံပိုင်ရှင်များက ပြည်တွင်း မန္တလေးဘက်သို့ ပြန်ရောင်းသော်လည်း ဈေးကောင်းမရရှိကြောင်း သီပေါမြို့ ဖရဲသီးခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ တရုတ်ဘက်လည်း ဈေးမကောင်းဘူး။ ကျနော်တော့ ပြည်တွင်းထဲပဲ ပြန်ရောင်းတယ်။ မန္တလေးသို့ပဲ ပြန်ပို့ပေးတယ်။ ဒါမဲ့လည်း သူက ဈေးကောင်း မရကြပါဘူး။ ပြီးတော့ လမ်းတွေမှာလည်း အခွန်တွေက ပေးရသေးတော့ အမြတ်မရှိဘူး”ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်မှ စပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၏ ကိုဗစ် သုည မူဝါဒကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် Lockdown ဖြေလျှော့ပေးခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကုန်သည်ကားများအတွက် ရှန်တိန် (ကားအစားထိုးမောင်း) စနစ်ကို ဖျက်သိမ်းပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...