မြေဖြူကိုင်လက်မှ သေနတ်စွဲကိုင် တော်လှန်တဲ့ လူငယ်

မြေဖြူကိုင်တဲ့ လက်ဟာ လက်နက်ကိုင်ဆောင်ပြီး တော်လှန်ရေးထဲ ဝင်ရောက်လာရမယ်လို့ တကြိမ်တခါမှ ကိုအာကာ တယောက် စိတ်ကူးမယဥ်မိပါဘူး။

CDM

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းမှုကြောင့် မထင်မှတ်တဲ့ စိတ်ကူးတောင် မယဥ်ခဲ့တဲ့ ကိစ္စဟာ ဖြစ်လာတော့တာပဲ။

ကိုအာကာ တယောက် က သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ကျေးရွာတခုမှာ ကလေးငယ်တွေကို စာသင်တဲ့ သူ တစ်ဦး ဖြစ်ပြီး၊ ကလေးငယ်တွေရဲ့ အနာဂတ် နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန်စွာ ကြိုးစားနေတဲ့သူ တစ်ဦးပါ။

“ကျနော်က ကလေးတွေကို စာသင်တဲ့သူလေ၊။ ဒီလို လက်နက်ကိုင်ပြီး တော်လှန်ရေး လောကထဲဝင်ရမယ် ဆိုတာ မထင်ထားဘူး။ ကလေးတွေရဲ့ စာဖတ်သံ ခေါင်းလောင်းသံတွေကိုတော့ သတိရတယ်” လို့ ကိုအာကာ တစ်ယောက် ဝမ်းနည်းစွာ ပြောပြပါတယ်။

စစ်ကောင်စီ ဟာ အခုနှစ် ဧပြီလ ၁၆ ရက်မှာ ကိုအာကာ နေထိုင်တဲ့ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာထဲက နိုင်ငံရေးအကြောင်း မသိတဲ့ ပြည်သူတွေ၊ ဘာအပြစ်မှ မရှိတဲ့ ပြည်သူ (၉) ဦးကို ပျူစောထီး အကူညီနဲ့ စစ်ကောင်စီက ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။

ရွာငံမြိုနယ်က ဒေသခံ ပြည်သူကို စစ်ကောင်စီ သတ်ဖြတ်

အဲ့ဒီ သတ်ခံရတဲ့ သူတွေထဲမှာ ကိုအာကာရဲ့ ဆွေမျိုးတွေလည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် ကိုအာဏာဟာ စစ်ကောင်စီကို မုန်းတီးတဲ့စိတ်၊ အာဏာရှင် ဆက်ရှိနေမယ်ဆိုရင် ရွာငံပြည်သူတွေဟာ အခုထက် ပိုဆိုးရွားလာနိုင်တဲ့ အတွက်ကြောင့် သျှမ်းပြည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထဲသို့ လက်နက်ကိုင် လမ်းစဥ်ကို ရွေးခဲ့တယ်လို့ အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ ကိုအာကာက ပြောပြပါတယ်။

“ကျနော်ရဲ့ ဆွေမျိုးအိမ်တွေလည်း မီးရှို့ခံလိုက်ရတယ်။ သတ်ခံရတဲ့ ထဲလည်း ကျနော်ရဲ့ ဆွေမျိုးတွေပါတယ် ” လို့ ကိုအာကာ တယောက် နာကျည်း စိတ်နာစွာနဲ့ ပြောပါတယ်။

ဒေသခံ ပြည်သူတွေကို မီးရှို့သတ်ဖြတ်

ကိုအာကာ ရဲ့ ဆွေမျိုးအိမ် အပါအဝင် သျှမ်းပြည်နယ်အတွင်းမှာ နေအိမ် (၂၆၂) လုံးထိ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ISP Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နာကျည်းပြီး ပြန်လည်ခုခံ တိုက်ခိုက်လိုတဲ့ စိတ်ကြောင့် အသက် ၂၂ အရွယ်ရှိ ကိုအာကာ တယောက် သျှမ်းပြည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီး စစ်ရေး လေ့ကျင့်နေပါတယ်။

“အစဆိုရင် အရမ်းပင်ပန်းတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းပါပဲ။ ဒီထဲလာတော့ မကြုံဖူးတဲ့ ပင်ပန်း ဆင်းရဲမှုကတော့ အကုန်လုံးပါပဲ။ ထမင်းဆိုလည်း တစ်ရက်ကို ၂ နပ်ပဲ စားရတယ်။ ပဲဟင်းနဲ့ တောထဲက ရှိတဲ့ အသီးရွက်တွေပဲရှာစားရတာ။ အသားဟင်းဆို ကြာကြာမှ တစ်ခါစားရတာ။ အများဆုံးတော့ တောထဲက ဟင်းပဲစားရတာပေါ့” လို့ ကိုအာကာ က တောထဲနေထိုင်ခဲ့ရပုံကို ပြောပါတယ်။

CDM လှုပ်ရှားမှု

တချိန်တခါက ကိုအာကာ တယောက် ဟာ မြေဖြူကိုင်ပြီး ကလေးငယ်တွေကို စာသင်ပေးတာကိုသာ စိတ်ဝင်စားခဲ့သူဖြစ်သလို အနေအေးပြီး စိတ်ထားဖြူစင်တဲ့ လူငယ်တစ်ဦးဖြစ်ကြောင်းကိုလည်း ကိုအာကာရဲ့ သူငယ်ချင်း မနှင်း (အမည်လွှဲ) က ပြောပြပါတယ်။

“သူက ငြိမ်းငြိမ်းချမ်းချမ်းနေရတာကို ကြိုက်တာ။ ကလေးတွေကို စာသင်ပေးတာ ဝါသနာပါတယ်။ သူ့ကလေး တွေကို ပညာတတ် ဖြစ်စေချင်တယ်တဲ့။ အခုလို လက်နက်ကိုင်ပြီး တော်လှန်တာကိုလည်း ဂုဏ်ယူပါတယ်။ အဲ့ဒါက အိမ်ပြန်လမ်းမရှိတာမို့ သူ့ကိုတော့ စိတ်ပူ၊ စိုးရိမ်မိတာပေါ့” လို့ မနှင်း က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

ငြိမ်းချမ်းမှုကို ကြိုက်နှစ်သက်သူဖြစ်ပြီး ကိုယ့်နိုင်ငံက ကလေးတွေကို ပညာတတ် တွေ ဖြစ်စေချင်တဲ့ ကျောင်းဆရာ လူငယ် ကိုအာကာ တယောက် ဟာ စစ်အာဏာရှင်ကြောင့် လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်တဲ့အပေါ် စိတ်မကောင်းခဲ့ပေမယ့် ဂုဏ်ယူကြောင်း မနှင်းက ဆိုပါတယ်။

စစ်ကောင်စီတွေဟာ လက်ရှိ အချိန်ထိ ရွာငံမြို့နယ်က ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက် ပြုလုပ်နေဆဲပါ။

ရွာငံမြိုနယ် ပဲရင်းတောင်ကျေးရွာ

ကျေးရွာထဲမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဟာ တပ်စွဲနေထိုင်နေပြီး ပြည်သူတွေရဲ့ ကြက် ၊ ဝက်တွေကိုလည်း သတ်ဖြတ်စားသောက် ကြတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပေးပို့လာတဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

“ကျနော်တို့ ရွာမှာက လူတွေ သိပ်မနေတော့ဘူး။ အသက်ကြီးတဲ့ သူတွေပဲကျန်တယ်။ နေတဲ့သူ ၁၀ အိမ်ကျော်လောက်ပဲရှိတယ်။ ရွာပျက်လိုမျိုးပဲ ဖြစ်နေတာ။ ပြီးတော့ သူတို့တွေက ကျနော်တို့ ကြက်တွေ၊ ဝက်တွေကိုလည်း သတ်ပြီး ယူစားကြတာ” လို့ ကိုအာကာ က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလမှာလည်း ရွာငံမြို့နယ်ထဲတွင် စစ်ကောင်စီက ပြည်သူ (၁၀) ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ် (၁၃) လုံးကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံ ပြည်သူ (၂၅) ဦးကို ဖမ်းဆီးထားကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) ကထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ကာကွယ်ပေးနေတဲ့ တပ် မဟုတ်သလို လူ့အခွင့်ရေးတွေကို အမြဲ ချိုးဖောက် နေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

CDM လှုပ်ရှားမှု

“ကျနော်တို့ ဒီစာကို ထုတ်ပြန်ရတဲ့ အကြောင်းရင်းက ဒီ စစ်အာဏာသိမ်း တစ်နှစ်ကြာ ပြီးနောက် ပြည်သူတွေ အပေါ်လုပ်ရပ်က လူ့အခွင့်ရေးတွေကိုပဲ ချိုးဖောက်နေတာမဟုတ်ဘူး။ သူက အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ပြည်သူတွေ ကို ကာကွယ်ရမဲ့ အစား အခုက ပြည်သူ့ရန်သူကြီးဖြစ်နေတာ၊ ဒီလုပ်ရပ်ကို ကျနော်တို့ ကန့်ကွက်ပါတယ်” လို့ စိုင်းဟော်ရှဲန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အရပ်သားအချို့ နေရပ်ကို ပြန်သွားခဲ့ပေမဲ့ အများစုက အမျိုးသမီး နဲ့ အသက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး လူငယ် နဲ့ အမျိုးသား အများစုကတော့ နိုင်ငံခြား သို့မဟုတ် တစ်ခြား မြို့နယ်တွေမှာ ပြောင်းရွှေ့နေထိုင်ကြပြီး စားဝတ်နေရေး ဖြေရှင်းနေကြပါတယ်။

“တချို့ကတော့ ပြန်သွားပြီ။ သူငယ်ချင်း တစ်ချို့ကတော့ နိုင်ငံခြားထွက် ပိုက်ဆံရှာတာလည်း ရှိတာပေါ့။ ကျနော်စိတ်ဆန္ဒအရတော့ လက်နက်ကိုင်ခဲ့တာပါ။ စစ်အာဏာရှင် ကျဆုံးသွားတဲ့အထိ တော်လှန်သွားမယ်လို့ စိတ်ဆုံးဖြတ်ထားလိုက်ပြီ” လို့ ကိုအာကာ ကတော့ ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ပြုလုပ် နေဆဲဖြစ်သဖြင့် စစ်အာဏာရှင် ဆက်ရှိနေသရွေ့တော့ ကိုအာကာဟာ လက်နက်ကိုင် လမ်းစဥ်ကိုသာ စွဲမြဲကိုင်ပြီး အာဏာရှင်ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

ရွာငံမြို့

မြေဖြူကိုင်တဲ့ လက်ကို နေ့စဥ်တမ်းတနေပေမယ့်လည်း ကလေးငယ်တွေရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက် လက်နက်ကို စွဲကိုင်ကာ တော်လှန်သွားမယ်လို့လည်း ကိုအာကာက ပြောဆိုလိုက်ပါတယ်။

“ကလေးတွေရဲ့ စာအံသံ၊ မြေဖြူနဲ့ ကျောက်သင်ပုန်းကို သတိမရတဲ့ရက် မရှိဘူး။ တော်လှန်ရေး မပြီးမချင်းတော့ သေနတ်ကိုင်ရမယ်။ တော်လှန်ရေး ပြီးရင်တော့ မြေဖြူပြန်ကိုင်မယ်” လို့ ကိုအာကာ တယောက် ပြတ်သားစွာ ဆုံးဖြတ်ထားပါတယ်။

ဆောင်းပါးရှင် – စိုင်းဆိုင်လျန်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...