မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး နှင့်လောင်းကစားဝိုင်း များပြားလာသောကြောင့် ပြန်ပေးဆွဲမှု ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများထံ စုံစမ်း သိရှိရသည်။

မူဆယ်မြို့

လောင်းကစားဝိုင်းများကို စစ်ကောင်စီသည် ပြည်သူ့စစ် နှင့် ပူးပေါင်းပြီး လွတ်လပ်စွာ ဖွင့်ခွင့်ပေးထားသောကြောင့် သူခိုး၊ ဓားပြ နှင့် ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မူဆယ်မြို့မှာလည်း ပြန်ပေးဆွဲမှုတွေ ရှိလာနေပြီ။ စစ်တပ်က အာဏာသိမ်းပြီးတော့ လောင်းကစားဝိုင်းတွေကို ပြည်သူ့စစ်တွေ နဲ့ ပေါင်းပြီးတော့ ဖွင့်လာခဲ့တယ်။ လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ပေးနေတာ။ အဲ့ကြောင့် သူခိုးတွေ၊ ဓားပြတွေလည်း များလာကြတယ်။ နောက်ကျရင်လည်း ပြန်ပေးဆွဲမှုက ပိုများလာနိုင်တယ် ” ဟု မူဆယ်မြို့ ဒေသခံက ပြောသည်။

အဆိုပါ သူခိုး၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု များပြားလာခြင်းသည် နိုင်ငံရေး ၊ ကိုဗစ် – ၁၉ ရောဂါ နှင့် စားဝတ်နေရေး ခက်ခဲလာသောကြောင့် တစ်နေ့ထက်တစ်နေ့ လုံခြုံမှု မရှိတော့ကြောင်း သိရသည်။

“လုံခြုံမှုကတော့ မရှိတော့ဘူး။ အခုလို ဖြစ်လာတာလည်း နိုင်ငံရေး အခြေနေကြောင့်၊ ကိုဗစ် အခြေနေကြောင့် နဲ့ စားဝတ်နေရေး အခြေနေကြောင့် လုံခြုံရေးအတွက်က လူတိုင်းမှာ စိုးရိမ်နေရတယ်။ လုံခြုံရေးကတော့ အာဏာသိမ်းပြီးကတည်းက မရှိတော့ဘူး” ဟု သီပေါမြို့ ဒေသခံ အမျိူးသမီးက ပြောသည်။

ပြန်ပေးဆွဲမှု၊ သူခိုး နှင့် ဓားပြများကိုလည်း လက်ရှိ တာဝန်ရှိသူများလည်း ဖမ်းဆီးပေးခြင်း မရှိကြောင်း သိရသည်။

“အဓိကတော့ ငွေကြေးတွေကြောင့်ပဲ သူခိုးတွေ၊ ဓားပြတွေများလာတာ။ ပြန်ပေးဆွဲတာလည်း ငွေကြေးကြောင့်ပဲ။ အဲ့လိုများလာလည်း သူတို့က မဖမ်းဘူး။ အရေးမလုပ်ဘူး။ အလုပ်ကို ထိထိရောက်ရောက်လုပ်တာလည်းမရှိဘူး။ ဖမ်းပြီးရင်လည်း ပြန်လွတ်တာပဲ” ဟု မူဆယ်မြို့ ဒေသခံ က ပြောသည်။

ထို့အပြင် ညအချိန်များတွင်လည်း အပြင်သွားလာပါက လုံခြုံရေးမရှိသည့်အပြင် လက်ရှိမှာ မည်သည့် ဥပဒေမှ မရှိကြောင်း အထက်ပါ သီပေါမြို့ အမျိုးသမီးက ပြောသည်။

“တစ်နေ့တစ်နေ့ ကိုယ့်အသက် လုံခြုံအောင် ကြည့်ပြီးတော့ နေကြရတာပေါ့။ ဥပဒေ အရဆိုလည်း ဘယ်သူကို အားကိုးရမလဲ မသိဘူး။ ဘယ်သူကို အကူညီတောင်းရမလဲ ခေတ်ကာလကြီး ဖြစ်နေတာပေါ့။ ညအချိန်ဆိုရင်လည်း အပြင်တွေ မသွားရဲကြတော့ဘူး။ ညမှောင်တာ နဲ့ တံခါးတွေ ပိတ်ပြီးနေရတော့တယ်။ အရင်လိုမျိုး မဟုတ်တော့ဘူး” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း သျှမ်းမြောက် မူဆယ်မြို့ ကလေးငယ်တစ်ဦး နှင့် သျှမ်းတောင် ပင်လုံမြို့ ဓာတ်ဆီဆိုင် ပိုင်ရှင် အမျိုးသမီးတစ်ဦးတို့သည် ငွေကြေးကြောင့် ပြန်ပေးဆွဲခံရပြီး ပင်လုံမြို့ ဓာတ်ဆီဆိုင်ပိုင်ရှင် သတ်ဖြတ်ခံရကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်း ၊ မူးယစ်ဆေးဝါး၊ သူခိုးများ ပိုများလာသည့် အပြင် ပြန်ပေးဆွဲမှုများလည်း တစ်နေ့ထက် တစ်နေ့ ပိုများပြားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...