ကျိုင်းတုံမြို့ရှိ လူတစ်စုက အမျိုးသားတစ်ဦးကို ရိုက်နှက်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အရပ်ဝတ် နှင့် လူတစ်စုက ရဲဖြစ်သည်ဟု ပြောဆိုပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သည့်အပြင် အမျိုးသား တစ်ဦးကိုပါ ရိုက်နှက်လိုက်ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု ယန်းလောရွာရှိ ယန်းလော – ကတ်ထိုက် လမ်းဆုံအနီး ဆိုင်ကယ် ၆ စီးနဲ့ လူ ၁၀ ဦးခန့်က သွားလာနေသည့် လမ်းသွားလမ်းလာများကို တားမြစ်စစ်ဆေးပြီး ရဲများဖြစ်သည်ဟု ပြောဆိုကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ် ၆ စီးနဲ့ ယန်းလောနဲ့ ကတ်ထိုက် လမ်းဆုံမှာ လာစောင့်နေကြတာ၊ လမ်းသွားလမ်းလာတွေကို တားပြီး ဘယ်ကလာလဲ ဘယ်ကိုသွားမလဲဆိုတာတွေကိုမေးပြီး လွတ်ပေးလိုက်တယ်၊ ဒါပေမဲ့ ဆိုင်ကယ် တစ်စီး နဲ့ လာတဲ့ အမျိုးသားတစ်ဦးကိုတော့ အဲ့လို မလွတ်ပေးပဲ ဝိုင်းရိုက်ကြတာ၊ ဘာကြောင့်ရိုက်လဲ ဆိုတာတော့ မသိရဘူး” ဟု ဖြစ်စဥ်ကို သိရသည့် အသက် ၄၀ ကျော် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျိုင်းတုံမြို့

အဆိုပါ ရိုက်နှက်ခံရသည့် အမျိုးသားသည် အများနည်းတူ စစ်ဆေးခံပြီး ဆိုင်ကယ်တူးပေါက်များလည်း စစ်ဆေးခံရပြီးနောက် ရဲဟု ပြောဆိုသည့် လူတစ်စု၏ ရာဘာတုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံရကြောင်း ဒေသခံ အမျိုးသား က ပြောသည်။

“သူတို့ ကိုယ်သူတို့ ရဲလို့ပြောကြပေမဲ့ ရဲနဲ့လည်း မတူပါဘူး၊ အားလုံးက အရပ်ဝတ်တွေပဲ၊ ရိုက်ခံရတဲ့ အမျိုးသားက အသက် ၃၀ ဝန်းကျင် လောက်ရှိမယ်၊ ရိုက်ပြီး ပြန်လွတ်ပေးတော့ သူ့ဆိုင်ကယ်သူ ပြန်မောင်း သွားတယ်၊ ဒီကိစ္စကို ရဲတွေလည်း မတိုင်ရဲကြသေးဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် ရိုက်နှက်ခံရသည့် အမျိုးသားမှာ ဦးခေါင်း၊ တင်ပါးနှင့် ခြေထောက်တို့တွင် မစိုးရိမ်ရ ညိုမဲဒဏ်ရာများရရှိခဲ့ပြီး ငွေကြေး အခက်အခဲ နှင့် ကြောက်လန့်မှုကြောင့် ရဲစခန်းသို့လည်း မတိုင်ရဲကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီး နောက်ပိုင်း ကျိုင်းတုံမြို့ အပါအဝင် နိုင်ငံ နှင့် တဝှမ်းလုံး တရားဥပဒေ စိုးမိုးမှုကင်းမဲ့လာပြီး ဒေသခံပြည်သူများ၏ နေ့စဥ်ဘဝသည် လုံခြုံမှု မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...