ခရီးသွား ပြည်သူထံ စစ်ကောင်စီ မှ မှတ်ပုံတင် နှင့် ရပ်ကွက်ထောက်ခံစာ စစ်ဆေးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် – လားရှိုး ပြည်ထောင်စု လမ်းမပေါ် ရှိ ခရီးသွား ပြည်သူများထံ မှတ်ပုံတင် နှင့် ရပ်ကွက် ထောက်ခံစာ ဆောင်ထားခြင်း မရှိလျှင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများက ငွေကြေးတောင်းယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကာလမှာ မူဆယ် – လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ စစ်ကောင်စီ ဂိတ် (၅) ခုထက်မနည်း မှတ်ပုံတင် နှင့် ထောက်ခံစာများ စစ်ဆေးမေးမြန်းမှုရှိနေကြောင်း လားရှိုး ယာဥ်မောင်း တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဆယ် – လားရှိုး ပြည်ထောင်စု ကားလမ်းမပေါ်တလျောက်တွင် နမ့်ခိုက်ဂိတ်၊ နမ့်ပေါ်တံတားဂိတ်၊ ရေပူဂိတ်၊ လားရှိုးမြို့ ရှိ မြို့ရှောင်လမ်း ဂိတ် နှင့် လားရှိုးမြို့ ဝင်ဂိတ်များ ဖြစ်ကြောင်း သိရှိရသည်။

သျှမ်းပြည်တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်နေရာ

“စစ်အာဏာ သိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွေ အရမ်းများလာတယ်။ မူဆယ် နဲ့ လားရှိုးကြားဆို ဂိတ် ၄ ခု လောက်ရှိတယ်။ မှတ်ပုံတင် မပါရင် သူတို့ ငွေတောင်းတယ်။ တိုင်းရင်းသား လူမျိုး တွေဆိုရင် တစ်ယောက်ကို ကျပ်ငွေ ၃ သောင်း ၊ တရုတ် လူမျိုးဆိုရင်ကျပ်ငွေ ၈ သောင်း ကနေ ၁ သိန်း ထိတောင်းတယ်။ ဂိတ်တိုင်းကို စစ်ဆေးမေးမြန်းတယ်။ သူတို့ နဲ့ စကားပြောတတ်ရင်တော့ တစ်ယောက်ကို ကျပ်ငွေ ၅ ထောင် လောက်ပဲ ပေးရတယ် “ ဟု ၎င်း ယာဉ်မောင်းသမားတစ်ဦးက ပြောသည်။

ယခင် စစ်အာဏာ မသိမ်းခင်ကာလတွင် ယခုလို စစ်ဆေးရေးဂိတ်ထားရှိခြင်း မရှိပဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်ဆေးမေးမြန်းမှု ရှိလာပြီး ငွေကြေးတောင်းခံမှု ပြုလုပ်နေကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင် နှင့် ရပ်ကွက်ထောက်ခံစာ များ စစ်ဆေးမေးမြန်းမှုကြောင့် ခရီးသွားပြည်သူများက သွားလာရန် ခက်ခဲမှုရှိနေကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

“အခု ဘယ်သွားသွား မှတ်ပုံတင် နဲ့ ကိုယ်နေတဲ့ ရပ်ကွက် ထောက်ခံစာပါမှ ရတယ်။ အဓိကတော့ မှတ်ပုံတင်တော့ ပါကို ပါမှရတယ်။ သူတို့ခေတ်မှာ သူတို့လုပ်စားလို့ရတော့ လုပ်စားကြနေတာ။ ပြည်သူတွေတော့ ဒုက္ခရောက်တာပေါ့ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် မူဆယ် – မန္တလေး ကားလမ်းမပေါ် ခရီးသွားပြည်သူများထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ကုန်တင်ကား တစ်စီးလျှင် ကားဘီး အရေအတွက်ဖြင့် တစ်ဘီးကို ကျပ်ငွေ (တစ်သိန်း မှ နှစ်သိန်း) အထိ ကောက်ခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...