တောင်ကြီးမြို့ စစ်ကောင်စီ ရဲတပ်ဖွဲ့မှ ဧည့်စာရင်း မတိုင်သူထံ ငွေညစ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးများ နှင့် ရဲများက ဧည့်စာရင်း မတိုင်သူများထံ ပိုက်ဆံတောင်းယူမှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်မှာ သစ်တော ရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲတွင် လူငယ်စုံတွဲနှစ်ဦး အတူတူနေထိုင်ရာ ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိသောကြောင့် ရဲများက လာရောက် စစ်ဆေးမေးမြန်းပြီးနောက် မှတ်ပုံတင်ကတ်ပြား ကို သိမ်းယူသွားကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ မှတ်ပုံတင် ကတ်ပြားကို ရဲစခန်းတွင် ကျပ်ငွေ (သုံးသောင်းခွဲ) ဖြင့် ပြန်ရွေးယူခဲ့ရကြောင်း နီးစပ်သူ အသိုင်းအဝိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ သူတို့အိမ်မှာ သူတို့လာနေတာကို ဧည့်စာရင်း မတိုင်လို့ဆိုပြီး ငွေလာညစ်တာ။ သူတို့နှစ်ယောက်က လက်မထပ် ကြသေးပေမယ့် အတူနေထိုင်ပြီး အလုပ်လုပ်ကြတယ်။ အိမ်ထောင်စု ဇယားထဲမှာ သူ့ကောင်လေး နာမည်မပါလို့ဆိုပြီး ရဲက မှတ်ပုံတင် သိမ်းသွားတယ်။ နောက်နေ့တော့ ရဲစခန်းမှာကျပ်ငွေ (၃သောင်း) နဲ့ သွားရွေးရတယ် “ ဟု နီးစပ်သူ အမျိုးသား တစ်ဦး က ပြောသည်။

မြို့မရဲစခန်း

အလားတူ မိမိနေထိုင်သော ရပ်ကွက် နှင့် နေထိုင်ကြောင်း ထောက်ခံစာ ရှိထားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်၊ သစ်တောရပ်ကွက် နှင့် ဦးကြီးခမ်းရပ်ကွက် စသည်ဖြင့် ရဲများက ဧည့်စာရင်းစစ်ခြင်းကို အကြောင်းပြပြီး ပိုက်ဆံကောက်ခံ နေကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ အခုက သူတို့ ရပ်ကွက်တိုင်း လိုလိုကို လုပ်နေတယ်။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ငွေတောင်းခံတယ်။ ရပ်ကွက်တိုင်းတော့ သူတို့ငွေတောင်းခြင်း မတူဘူး။ တချို့ မှတ်ပုံတင်ထဲကတမျိုး အိမ်ထောင်စု ဇယားထဲ တမျိုးဆိုရင် ပိုက်ဆံပိုကုန်တယ်။ တာဝန်ယူတယ်ဆိုတဲ့ဟာကို အခွင့်အရေးယူပြီး လုပ်စားနေကြတာ“ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့သို့ ရွှေ့ပြောင်းလာပြီး အလုပ်လုပ်နေသော တခြားမြို့နယ် ဒေသခံများကလည်း ဧည့်စာရင်းတိုင်ကြားမှုနှင့် ပတ်သက်ပြီး ခက်ခဲများစွာ ရင်ဆိုင်နေရကြောင်း ရပ်ကွက်ရုံးထံတွင် နေထိုင်ကြောင်း ထောက်ခံစာတစ်ခုကို ကျပ်ငွေ (ငါးထောင်) ကျပ် တောင်းခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...