နမ့်ခမ်းမြို့ရှိ စက်သုံးဆီဆိုင်ကြီး (၇) ဆိုင်အနက် (၃) ဆိုင်သာ စျေးနှုန်းပုံမှန်ဖြင့် ရောင်းချ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စက်သုံးဆီဆိုင် ပန့်ဆိုင် (၇) ဆိုင်ရှိသည့်အနက် (၃) ဆိုင်သာ ဆီစျေးများ ပုံမှန်ရောင်းပေးနေသဖြင့် ပြည်သူများ သွားရောက် တန်းစီ ဝယ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျန်ရှိသည့် ပန့်ဆီဆိုင် (၄) ဆိုင်သည် တစ်လီတာလျှင် (၄,၅၀၀) ကျပ် မှ (၅,၀၀၀) ကျပ်အထိ စျေးတင်ရောင်းသဖြင့် ပြည်သူများ စျေးနှုန်း ပုံမှန်ရောင်းပေးသည့် ပန့်ဆီဆိုင်များကိုသာ သွားရောက် တန်းစီ ဝယ်ယူကြောင်း နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

“စျေးနှုန်းပုံမှန် ရောင်းပေးတဲ့ (၃) ဆိုင်က သူတို့ ဆီ ရောက်လာတာနဲ့ (၁) ရက် (၂) ရက်ဆို ကုန်ပြီ။ အဲ့ကြောင့် ပြည်သူတွေက သူတို့ ဆီရောင်းပေးတာနဲ့ သွားတန်းစီ ပြီး စောင့်ဝယ်ကြတာ” ဟု နမ့်ခမ်း ဒေသခံ တစ်ဦး ကပြောသည်။

နမ့်ခမ်းမြို့ရှိ စက်သုံးဆီများကို ပုံမှန်စျေးနှုန်းဖြင့် ရောင်းပေးသော ဆိုင်များသည် နမ့်ခမ်း ပန့်ဆီဆိုင်၊ နမ့်မော(ဝ်) ဆိုင် ၊ ငွေချယ်ရီ ပန့်ဆီဆိုင် တို့သည် စက်သုံးဆီ တစ်လီတာလျှင် (၃,၄၀၀) ကျပ်မှ (၃,၅၀၀) ကျပ် အထိသာ စျေးတင်ရောင်းပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျန်တဲ့ (၄) ဆိုင်ကိုလည်း စျေးနှုန်း ပုံမှန်နဲ့ ပြည်သူတွေကို ရောင်းပေးစေချင်တယ်။ ဒီနေ့ ကျနော်တို့လည်း စက်သုံးဆီတွေ ရဖို့အတွက် သွားတန်းစီပြီး စောင့်ရတယ်။ ကျန်တဲ့ (၄) ဆိုင်လည်း စျေးနှုန်းတွေ ပုံမှန်ရောင်းပေးရင် ဒီလို ဒေသခံတွေ ဒီလို သွားပြီး တန်းစီဝယ်စရာ မလိုဘူး” ဟု ဆီသွားထည့်ရန်အတွက် သွားရောက်တန်းစီသည့် ပြည်သူ တစ်ဦး ကပြောသည်။

ယနေ့ သြဂုတ် (၃၀) ရက် နေ့လည်ပိုင်းက စတင်ပြီး နမ့်ခမ်းဒေသခံများ စက်သုံးဆီ ထည့်ရန်အတွက် သွားရောက်တန်းစီနေကြကြောင်း သိရှိရသည်။

စျေးနှုန်းတင်ရောင်းသော ဆီဆိုင်များသည် ယုံးလီ ပန့်ဆီဆိုင်၊ ဧမာနွေလ ပန့်ဆီဆိုင်၊ အောင်သပြေ ပန့်ဆီဆိုင် နှင့် ရွှေတောင် (လွယ်ခမ်း) ပန့်ဆီဆိုင် တို့ ဖြစ်သည်။

စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်သူများ စက်သုံးဆီအခက်ခဲများစွာ ရင်ဆိုင်နေရပြီး စက်သုံးဆီ မှောင်ခိုစျေးကွက်လည်း များစွာ ရှိလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...