သျှမ်းပြည်တစ်ဝှမ်း စက်သုံးဆီများပြတ်လပ်လုနီးပါးဖြစ်

သျှမ်းပြည်တစ်ဝှမ်းတွင် စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ်ပြီး၊ ဆီးစျေးများလည်း အပြိုင်အဆိုင် စျေးတက်နေကြောင်း စုံစမ်းသိရှိရသည်။

ပန့်ဆီဆိုင်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စက်သုံးဆီ (92) တစ်လီတာကို (၄,၀၀၀) ကျပ် ရှိနေပြီး ပြင်ပဆိုင်ငယ် ဆီဆိုင်များတွင်လည်း ၎င်းဆီဈေးနှုန်းထက် နှစ်ဆ မြင့်တက်နေသဖြင့် ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မူဆယ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ဓာတ်ဆီ 92 တစ်လီတာကို (၄,၀၀၀) ကျပ်ထိ တက်နေတယ်။ တချို့ဆိုင်တွေလည်း ပိတ်ကြတော့ ရှိတဲ့ဆီဆိုင်တွေ ဈေးတအားတက်နေတယ်။ ဘူးနဲ့ဝယ်တဲ့သူကိုလည်း မပေးဝယ်တော့ဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မူဆယ်-မန္တလေး ပြေးဆွဲနေသည့် လိုင်းကားများ ဆီများကိုဝယ်ယူရန် ခက်ခဲလာသဖြင့် စားဝတ်နေရေးအတွက် လိုင်းကားပြေးဆွဲရန် အခက်အခဲများစွာရင်ဆိုင် ကြုံတွေ့နေရကြောင်း မူဆယ်လိုင်းကားသမား တစ်ဦးက ပြောသည်။

“ မူဆယ်မှာတော့ ဖြည့်လို့မရဘူး။ ဆီဆိုင်တွေက ပြတ်လပ်၊ ရှိတဲ့ဆိုင်တွေကလည်း အဆမတန် ဈေးတက်နေတယ်။ လားရှိုးမြို့မှာ သွားဖြည့်ရတယ်၊ တစ်နာရီလောက်တန်းစီပြီး စောင့်ရတယ်။ ဒါတောင်သူတို့က ဆိုင်ကယ်နဲ့ အိမ်သုံးကားကိုပဲ ဦးစားပေးနေတယ်။ လိုင်းကားတစ်စီးကို (၅) သောင်းဖြည့်ဖို့ သတ်မှတ်ထားတယ်။ ဆီအပြည့်မထည့် ထားရင်လည်း လိုင်းကားကမဆွဲရဘူး “ ဟု ၎င်းကဆိုသည်။

အလားတူ သျှမ်းတောင် လင်းခေးမြို့တွင် စက်သုံးဆီ (92) တစ်လီတာလျှင် (၃,၀၀၀) ကျပ် ၊ ပင်လောင်းမြို့တွင် (92) တစ်လီတာ (၃,၅၀၀)ကျပ် ၊ ကွန်လုံမြို့တွင် 92 တစ်လီတာ (၃,၁၀၀) ကျပ်၊ မိုင်းရှုးမြို့တွင် 92 တစ်လီတာ (၃,၁၀၀) ကျပ် နှင့် ကာလိမြို့တွင် 92 တစ်လီတာ (၃,၀၀၀) ကျပ်ကျော်အထိ မြင့်တက်နေကြောင်းသိရသည်။

ဆက်လက်ပြီး တောင်ကြီးမြို့တွင် စက်သုံးဆီများ 92 တစ်လီတာကို (၂,၄၅၀) ကျပ် ၊ 95 တစ်လီတာလျှင် (၂,၆၃၀) ကျပ် ထိရှိနေပြီး တချို့ဆီဆိုင်များလည်း ပိတ်ထားလျက်ရှိကြောင်း သိရသည်။

“ ဓာတ်ဆီဆိုင်တွေက ထုံးစံအတိုင်းပါပဲ။ သစ်တောဂိတ်နားက BOC ဆိုင်က (95) မရဘူး၊ ( 92/ 97 ) တော့ရတယ်။ လွိုင်နမ့်ခုံးနားကတော့ (95) ရတယ်။ တောင်ကြီး Denko ကတော့ (92) ပဲရတယ်။ ဆိုင်တွေ ကတော့ ရတဲ့ဆိုင်လည်းရ ပြတ်နေတဲ့ဆိုင်တွေလည်း ရှိတာပေါ့ “ ဟု တောင်ကြီး ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီး တနှစ်ခွဲကာလ နီးပါးရှိလာပြီးနောက် မြန်မာပြည်တဝှမ်း စက်သုံးဆီ၊ စားသုံးကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအစစအရာရာ စျေးမြင့်တက်လာသည်။

စစ်ကောင်စီ၏ မကြာခဏပြောင်းလဲသည့် မူဝါဒ နှင့် ဒေါ်လာစျေး အရှိန်အဟုန် မြင့်တက်မှုကြောင့် စက်သုံးဆီ ဝယ်ယူသိုလှောင်ရန်လည်း ခက်ခဲနေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...