မူဆယ်မြို့ နေအိမ်ဖောက်ထွင်းခံရ အိမ်ရှင်မှ ပစ္စည်းပြန်လည်ရရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှ ကောင်းမူးတုံရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး မီးခံသေတ္တာနှင့် အိမ်တွင်းပစ္စည်းများကို ခိုးခံရသော်လည်း အိမ်ရှင်မှ ပြန်လည်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၅ )ရက် ည ၉ နာရီခန့်တွင် ကောင်းမူးတုံရပ်ကွက်ရှိ နေအိမ်တစ်အိမ်ထံသို့ ကားတစ်စီး နှင့် အမည်မသိ လက်နက်ကိုင် လူတစ်စုက ဖောက်ထွင်းဝင်ရောက်ပြီး မီးခံသေတ္တာနှင့် ဖုန်းနှစ်လုံး အပါအဝင် ပိုက်ဆံငါးသိန်းကျပ်ကိုလည်း ယူဆောင်ထွက်ပြေးသွားကြောင်း  ဖြစ်စဥ်များကို သိရှိသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသားလေးယောက်ပါ ကားတစ်စီးနဲ့ ရောက်လာကြတယ်၊ အိမ်ထဲက မီးခံသေတ္တာနဲ့ ဖုန်းနှစ်လုံးကို ယူသွားတယ်၊ ပြီးတော့ အိပ်ခန်းတစ်ခန်းထဲက ခေါင်းအုံးအောက်ကို ဝင်ရှာပြီး တွေ့တဲ့ မြန်မာငွေ ငါးသိန်းကျပ်ကိုလည်း ယူသွားတယ်၊ သူတို့က သေနတ်တွေလည်း ကိုင်ထားတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။


အဆိုပါ လက်နက်ကိုင် လူတစ်စုသည် ၄ ဦးရှိပြီး သက်လတ်ပိုင်း လူငယ်များဖြစ်ကြောင်း နှင့် ၎င်းတို့ ထွက်ပြေးစဥ် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် win စီးကရက်စက်ရုံနားအရောက်တွင် ပါဂျရိုကားနှင့် တိုက်မိပြီး ဓားပြတိုက်သူတို့ စီးလာသည့်ကား ပျက်စီးကာ ၎င်းတို့က ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းသိရသည်။

“သူတို့ထွက်ပြေးတော့ win စီးကရက်စက်ရုံနားအရောက်မှာ ရှေ့ကကားတစ်စီးနဲ့တိုက်မိပြီး သူတို့ကား ပျက်စီးသွားတယ်၊ ကား နဲ့ မီးခံသေတ္တာကိုထားပြီး သူတို့က ထွက်ပြေးသွားတယ်၊ သူတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ပိုက်ဆံငါးသိန်းလည်းသူတို့နဲ့ အတူပါသွားတယ်။ မီးခံသေတ္တာကတော့ အိမ်ရှင် ပြန်ရတယ်” ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်တွင်းသို့ လက်နက်ကိုင်ဆောင်လာသည့် လူတစ်ဦး

ယင်းဖြစ်စဥ်များနှင့် ပက်သက်ပြီး ဆုံးရှုံးမှုပမာဏနှင့် အသေးစိတ်ဖြစ်စဥ်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း နှင့် ထိခိုက်နစ်နာသူ မိသားစုများမှ အမှုဖွင့်တိုင်တန်းမှုများရှိမရှိကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ထို့အတူ ယမန်နေ့ (မေလ ၁၅) ရက် နေ့ခင်းပိုင်း ၁ နာရီဝန်းကျင်တွင်လည်း စယ်လန့်ကျေးရွာမှ မူဆယ်မြို့သို့ တက်ကာ ဆေးဝယ်ရန် ဆိုင်ကယ်တစ်စီးနှင့်ထွက်လာသည့် အသက် ၆၀ ဝန်းကျင်သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း ဓားပြတိုက်လုယက်ခံရကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။

“ကျနော့်အဖေက ဆိုင်ကယ်တစ်စီးနဲ့ မူဆယ်ဘက်ကို ဆေးဝယ်ဖို့သွားခဲ့တာ စယ်လန့်နဲ့ မူဆယ်ကြားက ဆုတောင်းတောင် အနီးမှာ အမည်မသိ မျက်နှာဖုန်းနဲ့ လူနှစ်ဦးက တားပြီး လုယက်ဓားပြတိုက်တာခံရတယ်၊ အဖေက အသက်လည်းကြီးတော့ သူတို့ကို မလွန်ဆန်ရဲဘူး၊ ပိုက်ဆံ တစ်သိန်းနဲ့ KenBo 125 ဆိုင်ကယ် တစ်စီး ဆုံးရှုံးလိုက်ရတယ်” ဟု ဓားပြတိုက်ခံရသူ၏ သားဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နှင့် စယ်လန့်ကျေးရွာသည် ၆ မိုင်ခန့်ကွာဝေးပြီး လွိုင်ဆုတာင်း (ဆုတောင်းတောင်) အနီးပတ်ဝန်းကျင်သည် လူသွားလူလာပြတ်သည့်နေရာလည်းဖြစ်သည့်အတွက် လုယက်မှု၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မူဆယ်မြို့နှင့် အနီးပတ်ဝန်းကျင်သည် စစ်ကောင်စီတပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေလေ့ရှိသော်လည်း ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည် မရှိဘူး စိုးရိမ်ကြောက်လန့်မှုများဖြင့် နေ့စဥ်ဘဝကို ဖြတ်သန်းနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးတို့မှာလည်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ရဲတပ်ဖွဲ့များက မတရားမှုကို စုံစမ်းဖော်ထုတ်ရေးထက် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖမ်းဆီးရေးဘက် အားသာနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...