Tuesday, January 27, 2026

ဟိုပုံးမြို့ စျေးသည်များထံ မဏ္ဍပ်ဆောက်လုပ်ရန် စည်ပင်မှ ငွေကြေးကောက်ခံမှုရှိ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ရှိ မြို့မစျေးဆိုင်အတွင်း စျေးသည်များထံ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်အတွက် စည်ပင်၀န်ထမ်းမှ ငွေကြေး အတင်းအဓမ္မကောက်ခံမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဟိုပုံ စျေးမြင်ကွင်း

ဧပြီ (၇)ရက်မှ စတင်ပြီး ဟိုပုံးမြို့မစျေးအတွင်း စျေးသည်များ၊ မြို့တွင်း လမ်းတစ်လျှောက်ရှိ ကုန်သည်များထံ သင်္ကြန်မဏ္ဍပ် ပြုလုပ်ရန်ဆိုသည့် အကြောင်းပြချက်ပေးပြီး ငွေကြေးများ ကောက်ခံလျှက်ရှိကြောင်း ဟိုပုံးဒေသခံ များက ပြောဆိုကြသည်။

“သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက် မထည့်မနေရဆိုပြီး အတင်းအကြပ် လိုက်ကောက်နေတယ်။ မထည့်ချင်လည်း ထည့်နေရတယ်။ တစ်စျေးလုံး အတိုင်းအတာနဲ့ဆို ဆိုင်ခန်းပေါင်း ရာချီရှိတယ်။ စည်ပင်က ကောက်တာ” ဟု ဟိုပုံးဒေသခံ စျေးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဟိုပုံး စျေးမြင်ကွင်း

ထိုကောက်ခံမှုမှာ ဆိုင်ခန်း တစ်ခန်းလျှင် (၅)ထောင်မှ စပြီး (၅)သောင်းအထိ ပေးဆောင်နေရကြောင်း ဟိုပုံးဒေသခံ များထံမှ သိရှိရသည်။

“ဆိုင်အကြီးဆိုရင် (၅)သောင်းလောက်ပေးရတယ်။ မထည့်မနေရလို့ကြားတယ်။ မြို့မစျေးအတွင်းက စျေးဆိုင်တွေဆို တစ်ဆိုင်ကို အနည်းဆုံး (၅)ထောင် အတင်းအကြပ် တောင်းခံနေတယ်” ဟု ဟိုပုံးကုန်စုံဆိုင် စျေးသည် အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများနှင့် လက်နက်ကိုင် ဆန့်ကျင်တော်လှန်ရေး တပ်သားများက စစ်ကောင်စီမှ ပြုလုပ်သည့် သင်္ကြန်ပွဲတော်များတွင် ပြည်သူများ ပါဝင်ဆင်နွဲခြင်းမပြုဘဲ သပိတ်မှောက်ကြရန် ပြောဆိုလှုံ့ဆော်မှုများလည်း ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...