တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး တရုတ် နယ်မြေကျူးကျော် ခြံစည်းရိုး ဆက်တိုက်ခတ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကို အခွင့်ကောင်းယူပြီး တရုတ်တို့က နယ်မြေကျူးကျော် ခြံစည်းရိုးခတ်ယူမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပန်ဆိုင်းမြို့နယ်အတွင်းသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နမ့်ယန်းချောင်းတစ်လျှောက် ခြံစည်းရိုးခတ်ယူမှု ပြီးစီးသလောက်ဖြစ်နေကြောင်း ပန်ဆိုင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့စပြီး လာခတ်ကတည်းက ရွာသူရွာသားတွေ ပန်ဆိုင်းအုပ်ချုပ်ရေးမှူးကို သွားပြောပေမဲ့ အုပ်ချုပ်ရေးမှူးက ဘာမှ မလုပ်ပေးဘူး၊ ခုတော့ ဒီပန်ဆိုင်း နယ်စပ် ဝမ်းတိန်နားက နမ့်ယန်းချောင်းတစ်လျှောက် ခတ်လိုက်တာ ပြီးသွားပြီ” ဟု ပန်ဆိုင်းရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်တို့ နယ်မြေကျူးကျော် ခြံစည်းရိုးခတ်ယူမှုများကို ရွားများအနေဖြင့် သွားရောက်ကန့်ကွက်မှုများ ပြုလုပ်လို သော်လည်း ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက ပြောသည်။

“ပြည်သူတွေ တိုက်ပွဲကို ရှောင်ရတိမ်းရ ဖြစ်နေချိန်မှာ သူတို့က နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးခတ်ယူတာပေါ့၊ သွားကန့်ကွက်ဖို့ဆိုလည်း တရုတ်တွေကျူးကျော်မှုလာတဲ့နေရာ မရောက်ခင် တိုက်ပွဲတွေကဖြစ်နေတော့ သေနတ် လာမှန်မှာလည်း ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ တရုတ်ဘက်မှ ကျူးကျော်ခြံခတ်သည့်ကိစ္စကို ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက်တင်ပြသော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ဘက်ကို တရုတ်တွေက နယ်မြေကျူးကျော်မှုလုပ်နေတယ်လို့ ပန်ဆိုင်း‌ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြတယ်။ ဘာမှလာမဖြေရှင်းပေးဘူး။ လာလည်းမကြည့်ပေးဘူး၊ သူက မသိသလိုပဲနေနေတာ” ဟု မန့်မိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ကျေးရွာဒေသများတွင် တရုတ်တို့က နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုးပိုမိုခတ်လာခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...