၅လ ကြားဖမ်းခံရတဲ့ နမ္မတူမြို့နယ်ဒေသခံ ယနေ့ထိတိုင်ပြန်မလွှတ်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ရေအိုကျေးရွာဒေသခံ (၃) နှင့် မန်ဆာ ကျေးရွာဒေသခံ (၂) ဦးတို့ (၅)လကြာ ဖမ်းဆီးခံထားရပြီး ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးသဖြင့် ကျန်ရှိနေသည့် မိသားစုဝင်များ စားဝတ်နေရေးခက်ခဲနေကြောင်း စုံစမ်း သိရသည်။

ထိုအရပ်သား (၅)ဦးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ဧပြီလပိုင်းအတွင်း ဖမ်းဆီးသွားခဲ့ရာ လက်ရှိမှာ (၅)လကျော်ရှိပြီး ယနေ့ထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိကြောင်း သိရသည်။

“ ဖမ်းသွားတာ ၄ – ၅ လလောက်ရှိတော့မယ်။ ဘာအဆက်သွယ်မှ ပြန်မရသေးဘူး။ ဆက်သွယ်လို့လည်း မရဘူး။ သူတို့ ပတ်သတ်တဲ့ သတင်းတွေ ဘာမှ မကြားရဘူး။ တစ်ခုခု ဖြစ်မှာကို စိုးရိမ်တယ်။” ဟု ရေအိုးကျေးရွာမှ အမျိုးသမီးတဦး ကသျှမ်းသံတော်ဆင့် ကိုပြာသည်။

ထို (၅) ဦးကို ဖမ်းဆီးသွားပြီးနောက်ပိုင်း နောက်တွင် ကျန်ရှိခဲ့သည့် မိသားစုဝင်များက စားဝတ်နေရေးပိုမို ခက်ခဲလာသည့်အတွက် အမြန်ပြန်လွှတ်ပေးရန်လည်း ဖမ်းဆီးခံရသည့် မိသားစုဝင် က ပြောသည်။

“ ဖမ်းဆီးသွားတာကြာပြီး။ ဘာသတင်းမှာလည်း မကြားရဘူး။ ကျမသားနဲ့ စကားပြောချင်တာတောင် မရဘူး။ ကျမသားက ငယ်ငယ်လေးပဲရှိသေးတယ်။ သူတို့ကို ဖမ်းသွားပြီး ကျမတို့ အိမ်မှာမနေရဲတော့ဘူး။ အိမ်လည်းပျက်စီးနေပြီ။ ကျမမှာ သမီးငယ်နဲ့ အမေအိုရှိနေတယ်။ ဆိုင်ကယ်လည်းမစီးတက်ဘူး။ စားဝတ်နေရေးအတွက် အရမ်းကို ခက်ခဲတယ်။ ပြန်လွတ်လာစေချင်တယ်။” ဟု ရေအိုကျေးရွာက ဖမ်းဆီးခံရသည့် ဦးကြာယုံ၏ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံရသူများ၏ သတင်းကို တစ်စုံတစ်ရာမှ မကြားရသည့် အတွက်ကြောင့် မိသားစုဝင်များက စိုးရိမ်နေပြီး အမြန်ဆုံးပြန်လွှတ်လာပေးစေချင်ကြောင်း တောင်းဆိုလိုက်သည်။

“ ကျေးဇူးပြုပြီးတော့ အမြန်ဆုံးပြန်လွတ်လာပေးပါ။ ကျမတို့မှာလည်း အရမ်းခက်ခဲတယ်။ သူတို့ကိုလည်း စိုးရိမ်တယ်။ ကျမသားဆိုလည်း ငယ်ငယ်လေး ဘာအပြစ်မှ မရှိဘူး။ ပြန်လွှတ်လာပေးပါ” ဦးကြာယုံ၏ အမျိုးသမီးက ဆိုသည်။

ဖမ်းဆီးသွားသည့်သူကို ပြန်လွတ်ပေးခြင်းရှိမရှိကို RCSS ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံကို သျှမ်းသံတော်ဆင့် သတင်းဌာန မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

RCSS မှ ရေအိုကျေးရွာခံ ဦးကြာယုံ နှင့် ၎င်း၏ သားဖြစ်သူ နေလင်းစွာ၊ နေလင်းဦးကို လက်နက်ရှိထားသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး မန်ဆာကျေးရွာဒေသခံ မိုင်းချစ်မောင်လေး နှင့် ဦးအိုက်ငင်းတို့ကို TNLA အတွက် ဆက်ကြေးကောက်သမား ဟုဆိုကာ ဖမ်းဆီးသွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...