Wednesday, January 28, 2026

အေးသာယာမြို့ NLD ပါတီ အမျိုးသမီး တစ်ဦး Facbook ပေါ်ရေးသားမှုကြောင့် ၅၀၅ ဖြင့်ဖမ်းခံရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီ မှ ပုဒ်မ (၅၀၅)ဖြင့် ဖမ်းဆီး တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၁၂)ရက် နေ့လည် ၁၁နာရီ ကျော်တွင် အေးသာယာမြို့တွင်နေထိုင်သည့် မထွေးထွေးမြင့် Facebook( လူမှုကွန်ရက်စာမျက်နှာ)ပေါ်တွင် နိုင်ငံတောအကြည်ညိုပျက်စေသည့် အရေးအသား ဟု ပြောဆိုကာ စစ်ကောင်စီ မှ ပုဒ်မ (၅၀၅)ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အေးသာယာမြို့နေ အမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ၁၁နာရီ စစ်ကား ၃စီး လူအင်အား ၃၀ခန့်က သူ့အိမ်ကိုလာဝိုင်ပြီး စစ်ဆေးမေးမြန်းဖို့ရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ လာတဲ့သူတွေကလည်း အရပ်ဝတ်တွေပဲ။ ကျမသိရသလောက်တော့ သူ့ ဖေ့ဘွတ်ပေါ်မှာ ရေးသားတဲ့ကိစ္စကြောင်လို့ပြောတာပဲ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသည့် မထွေးထွေးမြင့်ကို တောင်ကြီးအမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ အဖမ်းခံရသည့် မထွေးထွေးမြင့် သည် NLD ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ပါတီနှင့် ပတ်သက်သည့် တာဝန်များကို ပေးအပ်ထားခြင်းမရှိကြောင်း သိရသည်။

“မထွေးထွေးမြင့်က ရိုးရိုးပါတီဝင်တစ်ဦးပါ၊ ပါတီပိုင်းမှာ ဘာဝာာဝန်မှ မယူထားပါဘူး၊ ပြီးတော့ ဆန္ဒပြမှုမှာ လည်း အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှာပဲ ပါဝင်ဖြစ်ပါတယ်” ဟု အေးသာယာမြို့မှ NLD ပါတီ တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ အေးသာယာမြို့ ဒေသခံ(၁၀)ဦးထက်မနည်း ဖမ်းဆီးထားရှိကြောင်း၊ ထိုဖမ်းဆီးမှုကြောင့်လည်း ဒေသခံများက စိုးရိမ်မှုရှိနေကြောင်း သိရသည်။

“ နိုင်ငံရေးနဲ့ ပက်သက်တာဆိုလို့ နွေဦးတော်လှန်ရေး အစောပိုင်းကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုလုပ်ဆောင် တာပဲရှိတယ်၊ အခုက Facebook ပေါ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ရေးသားလို့ဆိုပြီး ၅၀၅ တပ်တယ်။ ခုခေတ်က ရေးနေတိုင်းသာဖမ်းမယ်ဆိုရင် ဘယ်မှာလည်း လူ့အခွင့်အရေး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း NLD အဖွဲ့ဝင်များနှင့် အာဏာရှင်စနစ် ဆန့်ကျင်တော် လှန်နေသော လူငယ်အများစုပါဝင်သည့် PDF အဖွဲ့ဝင်များကိုစစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီးမှု များ ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...