ကျေးသီးမြို့နယ် သျှမ်းတပ် (၂)တပ် တိုက်ပွဲဆက်ဖြစ်ပွား စစ်ရှောင် (၃၀၀၀) ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်က တိုက်ပွဲပြင်းထန်းမှုကြောင့် ယနေ့ ဇူလိုင် ၅ ရက်နေ့ထိ စစ်ဘေးရှောင် (၃၀၀၀) ကျော်ထိရှိလာကြောင်း စုံစမ်းသိရှိရသည်။

ကျေးသီးမြို့နယ် အတွင်းစစ်ဘေးရှောင် (၃၀၀၀)ကျော်ရှိလာသည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်ရန် ခက်ခဲလာကြသဖြင့် တချို့ ကျေးသီးမြို့ပေါ်ရှိ ဆွေမျိုးများနေအိမ်သို့သွားရောက်နေထိုင်ကြကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စစ်ရှောင်တွေက ၃၀၅၀ ထိရှိလာပြီး။ ဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့သူတွေပါ ၃၀၅၀ ဆိုတာ။ တစ်ချို့လဲ မြိုထဲမှာ ဆွေမျိုးတွေနဲသွားနေတာရှိတယ်” ဟု စစ်ဘေရှောင်ကူညီပေးနေသည့် ပြည်သူတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များက နောင်ဆွမ်းကျောင်း (၁၃၃၃) ဦး၊ ဟော်ကျောင်း (၂၄၈) ဦး၊ မြို့ဦးကျောင်း (၂၈၇) ဦး၊ မိုင်းနင် (၁၁၆) ဦး၊ လွိုင်ဆိုင် (၁၉၀)ဦး၊ ကုန်းဆာ (၁၇၃) ဦး၊ နှစ်မိုင်( ၁၈၉) ဦး၊ နောင်ဝိုး ( ၄၆၀) ဦး နှင့် ဝမ်ပန် (၅၃ ) ဦးထိရှိကြောင်းသိရသည်။

လက်ရှိမှာ သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် စစ်ဘေးရှောင်များက ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်းလည်း သတင်းရရှိသည်။

“ စိုးရိမ်းရတယ်။ အခုက ကိုဗစ် လည်း ဖြစ်တော့ပိုပြီးစိုးရိမ်းရတယ်။ တစ်ယောက်ကူးမိရင် ကျန်တဲ့ လူတွေကို အကုန်လုံးကူးမိမှာ။ တစ်ယောက်ထဲနေတာမဟုတ်ဘူး။ အဲကြောင့်ပိုပြီး စိုးရိမ်စိတ်ရတယ်” ဟု ကျေးသီးမြို့တွင် စစ်ဘေးရှောင်ကူညီးပေးနေသည့် ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် လက်ရှိအချိန်ကာလသည် မိုးရာသီဖြစ်သည့်အလျောက် တုတ်ကွေးရောဂါများဖြစ်ပွားလျက်ရှိပြီး ဆရာဝန်များ အလုံလောက်မရှိကြောင် လည်း စစ်ရှောင်ကူညီသူများပြောသည်။

“ ဆရာမတွေတော့ ရှိတယ်။ ကြာကြာတစ်ခါလာကြည့်ပြီးတော့ ပြန်သွားကြတယ်။ ဆရာဝန်တွေလဲ အလုံလောက်မရှိဘူး။ ဆေးပစ္စည်တွေကောပေါ့” ဟု ၎င်း ကဆိုသည်။

ကျေးသီးမြို့နယ် အတွင်း စစ်ဘေးရှောင်များ လာသည့်အတွက် စစ်ရှောင်များသည် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ဘေးတွင် တဲတိုးပြီး နေထိုင်နေရကြောင်း သိရသည်။

“ သူတို့တွေက တဲထိုး၊ မိုးကာတွေနဲ့ ဘေးပတ်လည်တွေကို ကာပြီးနေထိုင်ကြရတာဘဲလေ။ ခြင်းထောင်လဲမရှိကြဘူး။ အခုကာလက ရာသီတုတ်ကွေးဆိုတော့ ကြောက်နေရတယ် ” ဟု စစ်ဘေးရှောင်ကူညီးပေးသည့် သူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်းများနေထိုင်နေသည့် ကျောင်းတစ်ကျောင်းတွင် ဆရာဝန် ၂ ဦးသာရှိကြောင်းသိရသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သျှမ်းစစ်တပ် ၂ တပ် တိုက်ပွဲဖြစ်ပွားမှုကို အမြန်ဆုံး ရပ်တန့်ပေးရန်အတွက် တောင်းဆိုလိုက်သည်။

သို့သော် သျှမ်းစစ်တပ် (၂) ဖြစ်သည့် သျှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အနေဖြင့် ကျေးသီးမြို့နယ် လွိုင်ဟွန်း တောင်ကြောတိုက်ပွဲကို နောက်ဆုတ်မည်မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ဖြေကြားခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...