Tuesday, January 27, 2026

မူဆယ်မြို့နယ် တာလုံကျေးရွာအနီး ကုန်တင်ကားတစ်စီး မီးရှို့ခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တာလုံကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၉)ရက် မနက်ပိုင်း (၇) နာရီဝန်းကျင်၌ ကုန်တင်ယာဉ်တစ်စီး မီးရှို့ခံရကြောင်းစုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် ကုန်တင်ယာဉ်ကား များ (၂)ရက်ဆက်တိုက်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့တွင်လည်း ကွတ်ခိုင်-နမ့်ဖက်ကာ ကြားတွင် တွဲကားတစ်စီး မီးရှို့ခံရပြီး၊ ကားကြီး (၂)စီး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ မနက် ၇ နာရီဝန်းကျင်လောက်ကလောင်းသွားတာပါ။ ဒီနေရာမှ အရင်ကလည်း ဖြစ်ဖူးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူမရှိပါဘူး။ ကား ၃ စီးလာတာ။ ၁ စီးဘဲ မီးရှိုးခံရတာ။ မန္တလေးကနေ ဘိလပ်မြေတင်လာတဲ့ကားပါ”ဟု မူဆယ်မြို့ ဒေသခံတစ်ဦး ကပြောသည်။

ယနေ့မနက်ပိုင်း ကုန်းကားမီးရှို့ခံရာတွင် မျက်မြင် ကားသမားများပြောပြချက်အရ တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) မှ လာရောက်ရှို့ကြောင်း သိရသည်။

“ ကားငယ်သမားတွေ ပြောပြချက်အရတော့ TNLA က ရှို့သွားတယ်လို့ပြောတယ်။ကားသမားတွေကို ဆင်းခိုင်းတယ်။ ဖမ်းခံရတာတော့ မရှိဘူးတဲ့။ ဘာကြောင့် ရှို့တာလဲတော့မသိရဘူး။ ” ဟု ကားသမားတစ်ဦး က ပြောသည်။

ထိုသို့ ကားမီးလောင်းကိစ္စနှင့်ပတ်သတ်ပြီး တအောင်း(ပလောင်) TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ရာတွင် စက်ပိတ်ထားသည်။

ထိုနေရာတွင် ယခင်ကလည်း ကားငယ် ၂ စီးမီးလောင်းမှုဖြစ်ပွားခဲ့သည့် နေရာဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...