Tuesday, January 27, 2026

ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် – သိန္နီ ကြားပြည်ထောင်စုကားလမ်းမကြီးပေါ် ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန် ၆ရက် ည ၈နာရီတွင် မူဆယ်-လာရှိုး လိုင်းကားမောင်းသည့် အသက် (၄၀)ကျော် အရွယ်ရှိ စိုင်းစံညွန့်သည် ကွတ်ခိုင်-သိန္နီ ကြား ဓားပြတိုက်ခံရပြီး အသတ်ခံလိုက်ရကြောင်း သေဆုံးသူနှင့် နီးစပ်သည်ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဓားပြတိုက်ခံရပြီး သတ်လိုက်တာ။ ဦးခေါင်းမှာ သေနတ်ပစ်ထားတဲ့ ဒဏ်ရာရတယ်။ ကားတော့မယူသွားဘူး။ ပိုက်ဆံ ၂၄ သိန်းလည်ူးယူသွားတယ်။ ရုပ်အလောင်းကိုတော့ မနေ့က သဂြိုလ်လိုက်တယ်” ဟု နီးစပ်သည့် ဆွေမျိုးတစ်ဦးက ဆိုသည်။

ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် စိုင်းစံညွန့်သည် ကားသမားတစ်ဦးဖြစ်ပြီး။ ကလေး(၃)ယောက်၏ ဖခင်လည်းဖြစ်သည်။

ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် စိုင်းစံညွန့်သည် ကားသမားတစ်ဦးဖြစ်ပြီး။ ကလေး(၃)ယောက်၏ ဖခင်လည်းဖြစ်သည်။

အဆိုပါ ကားသမား ဓါးပြတိုက်ခံရပြီး အသတ်ခံရသည့် နေရာအနီးတစ်ဝိုက်တွင် ပြည်သူ့စစ် နှင့် စစ်ကောင်စီ တို့ အခွန်ကောက်ခံသည့် နေရာဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...

တာချီလိတ် ဆိုင်ကယ် တက္ကစီသမားသတ်ခံရပြီးနောက် ဆိုင်ကယ်သမားများပိုစိုးရိမ်မှုဖြစ်လာ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းနေသည့် လူငယ်တစ်ဉီး အသတ်ခံရပြီနောက်တွင် စားဝတ်နေရးအတွက် ရုန်းကန်လုပ်ကိုင်နေသည့် ဆိုင်ကယ်သမားများလည်း စိုးရိမ်စိတ်ဖြင့် လုပ်စားနေရကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (ဇန်နဝါရီ ၁၆ ရက်)တွင် အသက် (၂၃)နှစ်ရှိသည့် ဆိုင်ကယ် တက္ကစီသမားတစ်ဉီးသည် ခရီးသည်ကို မြို့အပြင်ထိ လိုက်ပို့ပေးရာကနေ အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူသွားကြောင်း...

ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်၎င်း၏ဇနီးသတ်ခံရပြီး ဒေသခံ သက်ကြီးနှစ်ဦးဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး သတ်ခံရပြီးနောက် ဒေသခံ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးသွားရာ ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးတို့အသတ်ခံခဲ့ရပြီး၊ ကျေးရွာဒေသခံ အသက် ၅၀အရွယ်ရှိ ဒေါ်ထွေးနှင့်...

အိပ်မောနေသည့် ဇနီးဖြစ်သူပါးစပ်ထဲ ၎င်းအမျိုးသားက ဗြောက်အိုးထည့် ဖောက်ခဲ့

0
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦးသည် အိပ်မောနေသည့် ဇနီးဖြစ်သူ၏ ပါးစပ်ထဲသို့ ဗြောက်အိုးထည့်ပြီး ဖောက်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။​ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့နယ် မောက်စံပယ်အုပ်စုရှိ ရပ်ကွက် ၄ တွင် ဖြစ်ပွားခဲ့ပြီး တိုင်းကြားမှုအရ ရဲတပ်ဖွဲ့များက ယမန်နေ့ (သြဂုတ် ၆ )ရက်တွင်...