သျှမ်းပြည် ဘဏ်ငွေထုတ်ယူမှု ပိုခက်ခဲလာပြီး၊ စီပွားရေး ကြပ်တည်းလာ

စစ်အာဏာသိမ်းယူမှု ရက်ပေါင်း (၁၀၀) နီးပါးရှိလာပြီး မြန်မာတဝှမ်းရှိ ဘဏ်ရှေ့တွင် မိမိဘဏ်အပ်ငွေများ ပြန်လည်ထုတ်ယူရန် မိုးမလင်းခင်ကတည်းက တန်းစီ စောင့်ဆိုင်းနေရကြောင်း သိရသည်။

မတ် ၁ရက် မှစတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ATM/ POS ငွေသားထုတ်တဦးလျှင် ကျပ် ၅သိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူလျှင် တဦးချင်း အတွက် တပတ် အများဆုံး ကျပ်သိန်း ၂၀၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် တပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ သတ်မှတ်ကြေညာခဲ့သည်။

ထို့နောက် မြန်မာပြည်သူများက အလုအယက် ငွေထုတ်ယူမှုများရှိလာ ကြသည့်အတွက် တိုကင်စနစ်ဖြင့်သာ ငွေထုတ်ပေးလာကာ ပြည်သူများ အခက်အခဲပိုဖြစ်လာကာ ပွဲစားမှ တဆင့်နေကြကြောင်း သိရသည်။

“ကျမတို့ ဆိုင်မှာ Kpay နဲ့ ငွေသွားထုတ်တာ တစ်သိန်းကို (၈၀၀၀) ပေးရတယ်။ အရင်က တစ်သိန်းကို (၂၀၀၀) ပဲပေးရတယ်။ ဈေးတက်လာတယ်။ ထုတ်တဲ့သူလည်း အလုအယက်ပဲ။ ကျမတို့ သွားထုတ်နေကျ နေရင်ဆိုရင် မထုတ်ပေးတော့ဘူး။ ငွေမရှိတော့ဘူးလို့ ပြောတယ်။” ပင်လုံဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ အရောင်းအဝယ်မှာလည်း ငွေပေးချေမှု စနစ်မှာ ငွေသားသာ လက်ခံနေပြီး၊ အွန်လိုင်း ငွေလွှဲမှုကို မသုံးတော့သည့် အတွက် ခက်ခဲမှု များစွာ ရှိနေကြောင်း လည်း ပင်လုံဒေသခံ အမျိုးသမီး က ပြောသည်။

“ငွေလွှဲပြီး ပစ္စည်း ဝယ်တာတောင် လက်မခံတော့ဘူး။ ငွေသားနဲ့ပဲ ရချင်တာတဲ့။ အခက်ခဲ တစ်အားဖြစ်လာတယ်။ Kpay နဲ့ ငွေသွားထုတ်ရင်လည်း ကော်မရှင်ခက တစ်နေ့ထက် တစ်နေ့ တက်ဖို့ပဲရှိတယ်။ ကျမတို့အတွက် အများကြီးရှုံးတယ်” အသေးစား စီးပွားရေး လုပ်ကိုင်သူ လူငယ်တစ်ဦး ကပြောသည်။

အလားတူ ယနေ့ မေ (၁၀) ရက်မှာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ၊မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တွင်လည်း ငွေထုတ်ရန် အတွက် မနက် မိုးမလင်းခင်ကတည်းက ရာနှင့်ချီပြည်သူများ ဘဏ်ရှေ့တွင် သွားရောက် စောင့်ဆိုင်း နေကြသည်။

“ကိုယ့်ငွေကို ရဖို့အတွက် တစ်မနက်လုံး တန်းစီပြီး နေပူတဲ့ နေ့လည်း ရှိသလို မိုးရွာတဲ့နေ့လည်းရှိတယ်။ အပေါ့သွားချင်ပေမယ့် သွားရင် ကိုယ့်အလှည့်ကျော်မှာ စိုးရိမ်ရနဲ့ တမနက်လုံး လက်တစ်ထွာလောက်တောင် မရွေ့သေးဘူး။ တန်းစီပြီး စောင့်တဲ့သူက လူရာချီတယ်။” ဟု လားရှိုးဒေသခံ တစ်ဦး ကပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာကျပ် ငွေ ကျဆင်းခြင်း၊ ရွှေဈေး အဆမတန်မြင့်တက်ခြင်း များ ကြုံတွေ့နေရပြီး ပြည်သူများလည်း ဘဏ်များကို ယုံကြည်မှုမဲ့လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အာဏာဖီဆန်ရး CDM တွင် ပါဝင်လှုပ်ရှားလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော် ယနယားများ ကောင်းမွန်စွာ လှည့်ပတ်နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...