တောင်ကြီး အရပ်သားနေအိမ်၊ ပစ္စည်းများ ကို ရဲ၊စစ်တပ် ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၁)ရက်၌ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားနေအိမ်များ၊ ပစ္စည်းများကို လိုက်လံဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက် နှင့် ရေအေးကွင်းရပ်ကွက် ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ နေအိမ်အတွင်းသို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူငယ်များ ဝင်ရောက်ပုန်းခိုနေ ဆိုသည့် အကြောင်းပြချက်ဖြင့် နေအိမ်အတွင်းရှိ ဝင်ရောက်ရှာဖွေရာ လူငယ်များကို မတွေ့ရှိသောကြောင့် ပစ္စည်းများကို ရိုက်နှက် ဖျက်ဆီးခဲ့ကြောင်း မင်္ဂလာဦး ရပ်ကွက် မျက်မြင်သက်သေ တွေ့ရှိခဲ့သည့် ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

“ဆန္ဒပြလူငယ်တွေ ဝင်ပုန်းနေလို့ဆိုပြီး ဝင်ရှာတယ်။ လူငယ်တွေ မရှိလို့ အိမ်ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်။ လူလည်းခေါ်သွားတယ်။ စခန်းရောက်ေတော့ လူတော့ပြန်လအတ်ပေးပါတယ်။ တပ်မ ၅၅ က တပ်သားတွေပါ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးက ဆိုသည်။

ဆက်လက်ပြီး ရေအေးကွင်း နှင့် ရတနာသီရိရပ်ကွက်တွင်လည်း စစ်တပ် မှ ဆိုင်ကယ်များကို ရိုက်နှက်ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဆိုင်ကယ်တွေ ၃စီးလောက် ရိုက်နှက်ဖျက်ဆီးသွားတယ်။ တော်တော်ဆိုးတယ်။ လူစိတ်မရှိကြတော့ဘူးထင်တယ်” ဟု ရေအေးကွင်းမှ မျက်မြင် အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီ ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်သူပိုင် ပစ္စည်းများကို ရိုက်နှက်ဖျက်ဆီးမှု တရက်ထက် တရက်ဆိုးရွားလာကြောင်း၊ ပြည်သူကို ကာကွယ်သည့် ရဲ၊ စစ်တပ်မှ မဟုတ်တော့ဘဲ ပြည်သူ့အကျိုးကို ဖျက်ဆီးနေသူများဖြစ်နေကြောင်းလည်း တောင်ကြီးပြည်သူများက ပြောဆိုသည်။

“ ဒီနေ့ ပြည်သူတွေ ပိုင်တဲ့ဆိုင်ကယ် အိမ်တွေထဲဝင်ဖျက်ဆီးတာမြင်တော့ ဒါက တမြင်သက်သက်လုပ်နေတာ။ ပြည်သူတွေကို ကြောက်အောင်လုပ်နေတာ။ စစ်အစိုးရ က ၁လကျော်ပဲရှိသေးတယ်။ ဖြစ်ချင်နေတာဖြစ်နေတယ်” ဟု တောင်ကြီး ဒေသခံ တဦး က ပြောသည်။

ယနေ့ တောင်ကြီးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို စစ်အာဏာရှင် လက်အောက်ရှိ ရဲ၊စစ်တပ်က ဖြိုခွင်းမှုပြုလုပ်ကာ လူငယ် ၂ဦး ရာဘာကျည်ထိမှန်ခဲ့ပြီး အမျိုးသမီးတဦး အသက်ရှူကြပ်ကာ သတိလစ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...